ပြတ်တောက်နေတဲ့ ဖားခြေထောက်များကို သိပ္ပံပညာရှင်များက ပြန်လည်မွေးထုတ်ပေးနိုင်

//s9.kh1.co/62/62cf2db7dbc3beb85b0251f1ce41b38393ce1bf6.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-ဇန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၄ နှစ် က

.

Tufts University နှင့် Harvard University မှ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ ဆေးကော့တေးကိုအသုံးပြုပြီး ဖားတွေကို စမ်းသပ်ရာမှာ ပြတ်သွားတဲ့ခြေထောက်များကို ပြန်လည်ရှင်သန်ကြီးထွားလာစေတယ်လို့ လေ့လာတွေ့ရှိပါတယ်။ ကမ္ဘာပေါ်ရှိ တိရိစ္ဆာန်အချို့မှာတော့ ခြေလက်အင်္ဂါအချို့ပြတ်တောက်သွားရင် ပြန်လည်ရှင်သန်နိုင်တာတွေရှိပါတယ်။ အထူးသဖြင့် ပုတ်သင်ပုန်း၊ အိမ်မြှောင်နှင့် ကဏန်းစတဲ့တိရိစ္ဆာန်တွေဟာ ခြေလက်များဆုံးရှုံးပြီးပြီးချင်းမှာပဲ အငုတ်ရဲ့အရင်းကနေ ပင်မဆဲလ်များ အစုလိုက်အပြုံလိုက်ဖွဲ့စည်းလာခဲ့ပါတယ်။ ယင်းနောက်မှာတော့ blastema ဆဲလ်များမှတစ်ဆင့် ကူညီပေးတာကြောင့် ပြန်လည်ကြီးထွားမှုကို စတင်စေတယ်လို့ ဆိုပါတယ်။

Photo Credit - USA TODAY
Photo Credit - USA TODAY
Photo Credit - USA TODAY
Photo Credit - USA TODAY

ဒါပေမယ့် ဖားတွေမှာတော့ လက် (သို့မဟုတ်) ခြေထောက်များပြတ်တောက်သွားရင် အဲ့လိုပင်မဆဲလ်များ မထုတ်ပေးနိုင်တာကြောင့် လူသားများနှင့်တူညီကြပါတယ်။ လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ ဖားများနှင့်အတူ ဒဏ်ရာများမှ သွေးဆုံးရှုံးမှုနှင့် ရောဂါပိုးကူးစက်မှုကို ကာကွယ်တဲ့အခါမှာလည်း အမာရွတ်တစ်ရှူးများကို အသုံးပြုကြတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ကထုတ်လိုက်တဲ့ Science Advances ဂျာနယ်မှာတော့ သက်တူရွယ်တူ ပညာရှင်များရဲ့ လေ့လာ သုံးသပ်ချက်တစ်ခုမှာ ခြေထောက်များပြတ်တောက်နေတဲ့ အာဖရိက ဖားများမှာ ပြန်ရှင်သန်ကြီးထွားနိုင်ခြင်း ရှိမရှိကို တက္ကသိုလ်နှစ်ခုမှ သိပ္ပံပညာရှင်များက ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo Credit - USA TODAY
Photo Credit - USA TODAY
Photo Credit - USA TODAY
Photo Credit - USA TODAY

ထိုသို့ပြုလုပ်ဖို့အတွက် Tufts မှ သိပ္ပံပညာရှင်များဟာ ဆေးငါးလုံးပါတဲ့ ကော့တေးဆီလီကွန်ထုပ်ကို ဖန်တီးခဲ့တာပါတယ်။ ဒီဆေးတွေကတော့ ဦးခေါင်းမှာ ရောင်ရမ်းမှုကို လျှော့ချစေတဲ့ ဆေးဝါးများ၊ အမာရွတ်များကို သက်သာစေတဲ့ ပရိုတင်းဓာတ်အပြင် သွေးကြောများ၊ ကြွက်သားများနှင့် အာရုံကြောအမျှင်များ ကြီးထွားမှုကို ကူညီပေးတဲ့ ဆေးဝါးများဖြစ်ပါတယ်။စမ်းသပ်မှုမှာတော့ ပညာရှင်များက ဖားများကို ၂၄ နာရီကြာအောင် ထုပ်ပိုးထားခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - USA TODAY
Photo Credit - USA TODAY

အဲ့ဒီနောက်မှာတော့ ဖားများမှာ ပြောင်းလဲမှုရှိမရှိကို ၁၈ လကြာ စောင့်ကြည့်နေခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ သက်တမ်းကုန်ဆုံးချိန်မှာတော့ စမ်းသပ်ထားတဲ့ ဖားအများဟာ ခြေထောက်များကို ပြန်လည်ကြီးထွားလာစေရုံသာမကဘဲ ခန္ဓာကိုယ် ဝဖြိုးမှုကိုပါ ဖြစ်ပေါ်စေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ဖန်ကြီးထွားလာတဲ့ ခြေထောက်များမှာတော့ အရိုးနှင့်တူတဲ့ ဖွဲ့စည်းပုံတွေအပြင် အတွင်းတစ်ရှူးများ နှင့် အရိုးများမပါတဲ့ "ခြေချောင်း" အသစ်များပါရှိတယ်လို့ ဆိုပါတယ်။

သတင်း အရင်းအမြစ် Source - USA TODAY

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T