ရန်ကုန်မြို့လယ်ခေါင်မှာ အောက်ချင်းငှက်များ အုပ်စုလိုက်တွေ့ရ

//s9.kh1.co/15/15ba9ce0d6ceac98f35123c5448e385d6ac56b7c.png
နေ့စဉ်သတင်းများ

 ၂၆-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

ဒီနေ့ နေ့လယ်က ရန်ကုန်မြို့ သိမ်ကြီးစျေးတစ်ဝိုက်မှာ အောက်ချင်းငှက်များ အုပ်စုလိုက်တွေ့ရတယ်လို့ ဓာတ်ပုံနဲ့တကွ Chin Taung SaLatt ဆိုတဲ့ facebook page က တင်ခဲ့ရာ လူတွေအများကြီး အံ့သြနေကြပါတယ်။ အောက်ချင်းဟာ ချင်းပြည်နယ်မှာသာ တွေ့ရပြီး ချင်းလူမျိုးတွေ အမြတ်တနိုး တန်ဖိုးထားတဲ့ ရှားပါးငှက်လည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=640,h=1421,q=100/30/30b5cda93b251ad757ce1d6b22f49857c490e0e4.jpg

အချို့ကတော့ တော်လှန်ရေးက ချင်းပြည်နယ်မှာ အရှိန်ကောင်းကောင်းနဲ့ စခဲ့တာဖြစ်တယ်၊ အခု အောက်ချင်းတွေ ရန်ကုန်မြိို့လယ်ရောက်လာတယ် ဆိုတော့ အောင်ပွဲနီးပြီဆိုတဲ့ နိမိတ်ပဲလို့ မှတ်ချက်ပြုနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/92/920aabd9d85629a2dc64a22982a574a77a3817d1.jpg

မျိုးသုဥ်းစာရင်း မဝင်သေးပေမဲ့ တောမီးရှို့မှု၊ သစ်တောပြုန်းတီးမှုတွေကြောင့် ချင်းပြည်နယ်မှာ အရင်လောက် အောက်ချင်းငှက်တွေ မတွေ့ရတော့ပါဘူး။ တစ်ကောင်တလေ မျက်စိလည်လာတာ မဟုတ်ဘဲ အုပ်စုဖွဲ့ နေရာပြောင်းလာတာဟာ ရာသီဥတု အပြောင်းအလဲကြောင့်များလားဆိုတာ သံသယဝင်စရာပါပဲ။

https://s9.kh1.co/__image/w=640,h=1421,q=100/30/30b5cda93b251ad757ce1d6b22f49857c490e0e4.jpg

သစ္စာရှိတဲ့ အောက်ချင်းတို့ အိမ်ပြန်နိုင်ဖို့ ဘယ်လောက်ကြာဦးမလဲ မသိပေမဲ့ ခုလို ဖြစ်တောင့်ဖြစ်ခဲ ရောက်လာတဲ့ပုံလေးတွေကို ပြန်လည်မျှဝေ တင်ဆက်လိုက်ပါတယ်။

Credit - Chin Taung SaLatt

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T