သတင်းထောက်တစ်ယောက်ကို ဆဲလိုက်တဲ့ အမေရိကန်သမ္မတ Joe Biden

//s9.kh1.co/60/6071fc640d518484f24eaf768c22624d42e7e339.jpg
နေ့စဉ်သတင်းများ

 ၂၆-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

သတင်းထောက်က နိုင်ငံ‌‌ရေးနဲ့ပတ်သက်ပြီး ဆတ်ဆတ်ထိမခံတဲ့မေးခွန်းကိုမေးလိုက်တာကြောင့်ပါ

အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွေမှာ အမေရိကန်သမ္မတတွေနဲ့ သတင်းထောက်တွေ အခြေအတင်စကားများကြတာ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး ဒေါ်နယ်ထရန့်လက်ထက်တုန်းကဆို အမြဲတမ်းသတင်းထောက်တွေနဲ့ တကျက်ကျက်ပါပဲ ခုလည်းလက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သတင်းထောက်တစ်ယောက်ကြားမှာ တင်းမာမူတွေရှိခဲ့ပါတယ် ဒါပေမဲ့ စကားအခြေအတင်ပြောကြတာမျိုးမဟုတ်ပဲ တစ်ခွန်းတည်းနဲ့ပြီးသွားတာပါ

အိမ်ဖြူတော်ရဲ့ အရှေ့ဖက်အခန်းမှာပြုလုပ်တဲ့ ပြိုင်ဖက်ကောင်စီတစ်ခုနဲ့တွေ့ဆုံပွဲမှာဖြစ်ပွားခဲ့တာပါ တွေ့ဆုံမူအပြီးမှာ သတင်းထောက်တွေကနောက်ကနေ မေးခွန်းတွေအော်မေးကြချိန်မှာ Fox သတင်းဌာနရဲ့ သတင်းထောက် Peter Doocy က ငွေကြေးဖောင်းပွမူအကြောင်းကိုမေးခဲ့ပါတယ် “လက်ရှိဆက်လက်တာဝန်ထမ်းဆောင်နေချိန်အတွင်း ‌ငွေကြေးဖောင်းပွမူကို နိုင်ငံရေးအရ တာဝန်ယူစရာအဖြစ် မြင်ပါသလား”လို့မေးခဲ့ပါတယ်

Peter Doocy
Peter Doocy

ဒါကိုသမ္မတကြီးက “It’s a great asset,more inflation.What a stupid son of a bitch”လို့ သူ့တစ်ယောက်တည်းပြောနေတဲ့ပုံစံနဲ့ပြောခဲ့ပါတယ် အသံအကျယ်ကြီးပြောတာမျိုး သတင်းထောက်ကိုလှမ်းပြောတာမျိုးမဟုတ်ပဲ တစ်ယောက်တည်းပြောနေသလိုကိုပြောခဲ့တာပါ ဒါပေမဲ့ကင်မရာမှာရော သူ့ရှေ့ကအသံဖမ်းတဲ့မိုက်မှာ‌ရော အဲ့အခိုက်အတန့်ကိုဖမ်းယူခဲ့မိပါတယ်

Doocy ကတော့ရယ်ပြီး အခန်းထဲမှာဆူညံနေတာကြောင့် သူဘာပြောလိုက်လဲဆိုတာ မကြားလိုက်ဘူးလို့ပြောပါတယ် “ဟုတ်တယ် အဲ့ကိစ္စကိုဘယ်သူကမှ စစ်ဆေးပြီးသူ့ကိုမပြောပြကြဘူး”လို့ Doocy က Fox သတင်းတင်ဆက်သူ Jesse Watters ကိုပြောပြခဲ့ပါတယ် သူပြောတဲ့ကိစ္စဆိုတာ ငွေကြေးဖောင်းပွတဲ့ကိစ္စကိုပြောတာပါ နောက်တော့သမ္မတကြီးက ဖုန်းခေါ်ပြီးတောင်းပန်ခဲ့ကြောင်းကိုပါ ပြောပြခဲ့ပါတယ်

Credit:Newsweek
Credit:Newsweek

“အဲ့လိုဖြစ်ပြီး တစ်နာရီခွဲလောက်ကြာတော့ သူကဖုန်းဆက်ပြီး ဒါကိုယ်ရေးကိုယ်တာကိစ္စတွေမပါပါဘူးလို့ပြောခဲ့ပါတယ် နောက်‌တော့တခြားအကြောင်းတွေကိုပဲဆက်ပြောကြပြီး ကျွန်တော်က တခြားလူတွေနဲ့မတူတဲ့မေးခွန်းတွေ မေးမှာလို့ပြောတော့ သူကလည်းသဘောတူခဲ့ပါတယ် အဲ့ဒါကြောင့်အဲ့လိုမေးခွန်းတွေဆက်မေးနေဦးမှာပါ”လို့ပြောခဲ့ပါတယ် 

သမ္မတကအလုပ်ရှုပ်တဲ့ကြားကနေ သူ့ကိုဖုန်းခေါ်ပြီး စိတ်ရှင်းသွားအောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်မိကြောင်းလည်း Doocy က Fox သတင်းဌာနကိုပြောခဲ့ပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T