ယနေ့ ဇန်နဝါရီ(၂၅)ရက်နေ့ ၊ နံနက်(၂)နာရီခွဲခန့်က တောင်တရုတ် ပင်လယ် အတွင်း မတော်တဆဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း လေယာဉ်တင်သင်္ဘော တစ်စီးပေါ် ကို ရေတပ် ရဲ့ F(35)C တိုက်လေယာဉ် တစ်စီး ဆင်းသက်ခဲ့စဥ်မှာ ဖြစ်ပွားခဲ့တာလို့သိရပါတယ်။
လေယာဉ်တင်သင်္ဘောပေါ်ကို အမေရိကန် F(35)C တိုက်လေယာဥ်တစ်စီးဆင်းသက်ရန်ကြိုးပမ်းခဲ့စဉ်မှာ ဆင်းသက်ပုံမှားယွင်းမှုကြောင့် ရေတပ်သား (၇) ဦး ဒဏ်ရာ ရရှိခဲ့ တယ် လို့ အမေရိကန် ရေတပ် ကပြောကြားပါတယ်။
ပုံမှန်ပျံသန်းရေး အစီအစဉ်များ အတွင်း ကိုယ်ပျောက်တိုက်ခိုက်ရေး တိုက်လေယာဉ် အက်ဖ် ၃၅ စီ ဟာ USS Carl Vinson သင်္ဘောပေါ်သို့ ဆင်းသက်ရန် ကြိုးပမ်းချိန်မှာ အဲဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ လို့ အမေရိကန် ပစိဖိတ် ရေယာဉ်အုပ်စု ကပြောကြားပါတယ်။