မြန်မာနိုင်ငံကို ပြည်ပကပြန်လည်ဝင်ရောက်လာသူ (၃၇) ဦးမှာ အိုမီခရွန်ရောဂါပိုး ထပ်မံတွေ့ရှိ

//s9.kh1.co/ba/ba80ca1cfe7301560659d3c12ea6c064976ae145.jpeg
နေ့စဉ်သတင်းများ

 ၂၅-ဇန်-၂၀၂၂ ၈am · လွန်ခဲ့သော ၂ နှစ် က

(၃၇)ဦးအနက် (၃၆)ဦးမှာ...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မြန်မာနိုင်ငံကို ပြည်ပကပြန်လည်ဝင်ရောက်လာသူများအနက် (၃၇) ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်း ရောဂါပိုးဖြစ်တဲ့ အိုမီခရွန် (Omicron) ရောဂါပိုးကူးစက်ခံထားရတာ တွေ့ရှိတယ်လို့ MOHS က ယမန်နေ့ ဇန်နဝါရီ(၂၄)ရက်နေ့က ကြေငြာလာခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ထိုသူတွေမှာ မြန်မာနိုင်ငံကို ပြန်လာကြသူများဖြစ်ပြီး UAE နိုင်ငံက (၁၅) ဦး၊ မလေးရှားနိုင်ငံက (၇) ဦး၊ အိန္ဒိယနိုင်ငံ က (၆) ဦး၊ ကိုးရီးယားနိုင်ငံက (၄) ဦး၊ စင်ကာပူနိုင်ငံ က (၃) ဦး ၊ ထိုင်းနိုင်ငံ နဲ့ ရှရှားနိုင်ငံက (၁) ဦးစီဖြစ်ကာ စုစုပေါင်း (၃၇) ဦးရှိပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုပါ ပိုးတွေ့ရှိသူတွေထဲမှာ နိုင်ငံခြားသား (၁) ဦးသာ ပါဝင်တာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါ ပိုးတွေ့ရှိသူများကို သက်ဆိုင်ရာဆေးရုံတွေမှာ သီးသန့်ထားကုသပေးထားတဲ့အပြင် လေကြောင်းအတူ စီးလာတဲ့သူတွေကိုလည်း ကွာရန်တင်းထား ရှိထားတယ်လို့ ဆိုပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T