သောကအပူတွေကို ထပ်တူ မျှဝေနားလည်ပေးခဲ့တဲ့ မိဘနှစ်ပါးအတွက် တာဝန်မကျေခဲ့တာလေးကို စိတ်မကောင်းဖြစ်နေတဲ့ အေးမြတ်သူ

//s9.kh1.co/69/691bf7f1acea6a90ad98fa1dc8286eef6382040a.jpg
အနုပညာရှင်များ

 ၂၄-ဇန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ချစ်စရာအပြုံးလေးတွေ ပိုင်ဆိုင်ထားတဲ့ အေးမြတ်သူကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေခဲ့တာ ဖြစ်ပါတယ်။ သူမဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ချစ်တဲ့ပြည်သူတွေနဲ့ ရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ကျရာအခန်းကဏ္ဍတွေမှာ တက်ကြွစွာ  ပါဝင်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ၅၀၅ (က) ဖြင့် အမှုစွဲဆိုခံရတဲ့ အနုပညာရှင်တွေထဲမှာ အေးမြတ်သူလည်း ပါသွားခဲ့ပါတယ်။

Photo Credit - Aye Myat Thu
Photo Credit - Aye Myat Thu
Photo Credit - Aye Myat Thu
Photo Credit - Aye Myat Thu

အမှုစွဲဆိုခံရတဲ့အချိန်လေးမှာလည်း ဘေးကင်းလုံခြုံရာမှာ ခေတ္တခဏ တိမ်းရှောင်နေခဲ့ရပေမယ့် မိဘနှစ်ပါးကို သိတတ်လိမ္မာတဲ့ သမီးလေးဖြစ်တာကြောင့် လွမ်းဆွတ်သတိရတဲ့ အကြောင်းလေးတွေကို မကြာခဏ ရင်ဖွင့်ထားတာတွေလည်း တွေ့မြင်ရပါတယ်။ ယခုမှာလည်း အပူတွေသောကတွေကို မျှဝေနားလည်ပေးတဲ့ သူမရဲ့ မိဘနှစ်ပါးနဲ့ပတ်သက်ပြီး ရင်ဖွင့်လာခဲ့ပါတယ်။

Photo Credit - Aye Myat Thu
Photo Credit - Aye Myat Thu
Photo Credit - Aye Myat Thu
Photo Credit - Aye Myat Thu

ဒါ့အပြင် သူမရဲ့ မိသားစုအတွက် အမြဲတမ်းသောကနည်းဖို့ကိုလည်း ကြိုးစားပြီးနေထိုင်သွားမယ့်အပြင် မိဘတွေနဲ့အနီးအနားမှာ ရှိနေတဲ့ သူတွေကိုလည်း ဂရုတစိုက်နဲ့ ချစ်ခင်ပြီး မကြာခဏ ပျော်ရွှင်စရာစကားလေးတွေ ပြောဆိုကြပါလို့လည်း တိုက်တွန်းထားပါသေးတယ်။ ခက်ခဲရင်ဆိုင်နေရတဲ့ သောကတွေနည်းပါးပြီး ချစ်ရတဲ့မိသားစုတွေနဲ့အတူ ထာဝရပျော်ရွှင်စွာ နေထိုင်နိုင်အောင် အေးမြတ်သူအတွက် ပရိသတ်တွေကလည်းဆုတောင်းပေးလိုက်ပါဦးနော်.....။

Photo Credit - Aye Myat Thu
Photo Credit - Aye Myat Thu
Photo Credit - Aye Myat Thu
Photo Credit - Aye Myat Thu

သတင်း အရင်းအမြစ်Source - Aye Myat Thu

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T