ဒရာမာဘုရင်မလို့ နာမည်ကြီးတဲ့ Suzy နေရာကို ဝင်ယူတော့မယ့် Blackpink ဂျီဆူး

//s9.kh1.co/01/01ed607d781a4ad93ed36a227d74af69db0af3a3.jpg
အနုပညာရှင်များ

 ၂၄-ဇန်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

.

တစ်ချိန်က K ဒရာမာလောကရဲ့ ဘုရင်မလို့ နာမည်ကျော်ကြားခဲ့တဲ့ Bae Suzy က ခုဆို အသက် ၃၀ ကျော်နေပါပြီ။ သူ့နေရာကို အစားထိုးမယ့် ကောင်မလေး ငယ်ငယ်ချောချောလေးက Blackpink ဂျီဆူး ဖြစ်လာမယ်လို့ ကိုရီးယား မီဒီယာ ၁ ခုက တစ် ပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b1/b12ad54ba171dc2b832f48d4361160eca52ed7df.jpg

စနေ တနင်္ဂနွေတိုင်း ပြသနေတဲ့ သမိုင်းနောက်ခံ ဇာတ်လမ်းတွဲ Snowdrop ထဲမှာ ဂျီဆူးရဲ့ သရုပ်ဆောင်မှုက အသစ်လို့ မထင်ရအောင် ကောင်းလွန်းနေခဲ့တာပါ။ သူမရဲ့ အသံထွက်ကလေးက သိပ်မပီပြင်တာမို့ အဲဒါလေးသာ ပြင်လိုက်ရင် လုံးဝ အမိုက်စားမင်းသမီးကြီး ဖြစ်လာမှာပါ။

https://s9.kh1.co/__image/w=650,h=650,q=100/c6/c664baf8bf53b005631787f00c56503f8cf55afb.jpg

အားလုံးက ဂျီဆူးကို နောက်ထပ် ဒရာမာအသစ်တွေမှာ မြင်ချင်နေကြပါပြီ။ ဒီတစ်ခေါက် Snowdrop ကလည်း ဇာတ်လမ်းက အရမ်းဝေဖန်ခံခဲ့ရတာမို့ ဂျီဆူးပါနေတဲ့ အရှိန်ကြောင့် အများကြီး ခံသာခဲ့ပါတယ်။ ရှေ့ဆက်ပြီး အောင်မြင်ပါစေ ကောင်မလေးရေ။

Ref : https://kbizoom.com/korean-media-predicted-that-snowdrop-jisoo-might-surpass-melodrama-queen-suzy/

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T