တာရန်တူလာများရဲ့ ပါးစပ်အတွင်းမှာ ထူးထူးခြားခြား ကပ်ပါးသန်ကောင် မျိုးစိတ်သစ်တစ်မျိုးကို သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ

//s9.kh1.co/fa/fa22b3325a7b0d9d360b58d4c574502e6edea737.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

သိပ္ပံပညာရှင်များဟာ တာရန်တူလာပင့်ကူများရဲ့ ပါးစပ်အတွင်းမှာ အိမ်ဖြစ်စေတဲ့ ကပ်ပါးသန်ကောင်မျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ကပ်ပါးမျိုးစိတ်ကူးစက်ရင်လည်း ပင့်ကူးများဟာ တဖြည်းဖြည်း အစာမစားနိုင်တော့ဘဲ နောက်ပိုင်း သေဆုံးတဲ့အဆင့်ထိပါ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကပ်ပါး ပိုးကောင်များဟာ တာရန်တူလာရဲ့ ပါးစပ်တစ်ဝိုက်မှာ အဖြူရောင်အစက်အပြောက်များအဖြစ် ပထမဆုံးပေါ်လာကြောင်း The Journal of Parasitology မှ ဇန်နဝါရီ (၁၇) ရက်က ထုတ်ပြန်ထားတဲ့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

Photo Credit - Lives Science
Photo Credit - Lives Science
Photo Credit - Lives Science
Photo Credit - Lives Science

လေ့လာတွေ့ရှိမှုအရဆိုရင် ရောဂါပိုးရှိတဲ့ တာရန်တူလာပင့်ကူဟာ သူ့ရဲ့ ခြေချောင်းများက လမ်းလျှောက်ခြင်းကဲ့သို့ ထူးခြားတဲ့ အမူအကျင့်များကို တွေ့ရနိုင်တယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကပ်ပါးဗေဒပညာရှင် Adler Dillman ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာတော့ ရောဂါကူးစက်ခံထားရတဲ့ ပင့်ကူတွေဟာ လနဲ့ချီကြာနိုင်ပြီး နောက်ပိုင်းမှာ ငတ်ပြတ်သေဆုံးသွားလိမ့်မယ်လို့လည်း ဖော်ပြထားပါတယ်။

Photo Credit - Lives Science
Photo Credit - Lives Science
Photo Credit - Lives Science
Photo Credit - Lives Science

နီမာမုတ်များဟာ နှစ်သန်းပေါင်းရာနှင့်ချီ တည်ရှိနေခဲ့တဲ့ ပိုးကောင်များဖြစ်တာကြောင့် လူသားများ အပါအဝင် ကမ္ဘာပေါ်ရှိ သက်ရှိများအားလုံးကို ကူးစက်ရန် ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ ယနေ့အထိ နီမာမုတ် မျိုးစိတ်ပေါင်း ၂၅၀၀၀ ကျော်ရှိတယ်လို့ ဖော်ပြခဲ့သော်လည်း ယခုမျိုးစိတ်ကလည်း တာရန်တူလာပင့်ကူများကို ကူးစက်နိုင်တဲ့ ဒုတိယမျိုးစိတ်တစ်ခုသာဖြစ်ကြောင်း Dillman က ထပ်လောင်းပြောကြားခဲ့ပါတယ်။ တာရန်တူလာပင့်ကူများမှာ နေထိုင်တဲ့ သန်ကောင်ရသက်တမ်းဟာ မည်ကဲ့သို့ ပြောင်းလဲနိုင်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သုတေသီများက အဆိုပြုထားခဲ့ပါတယ်။

Photo Credit - Lives Science
Photo Credit - Lives Science

သတင်း အရင်းအမြစ်Source - Lives Science

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T