စစ်ရှောင်စခန်းမှ ညီအစ်မတွေအတွက် အားပေးစကားပြောခဲ့တဲ့ ချစ်သုဝေနဲ့ မြနှင်းရည်လွင်

//s9.kh1.co/fa/fa0b4ba18244193ea90a9582e29fae8bc5d6839c.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

သရုပ်ဆောင် ချစ်သုဝေနဲ့ မြနှင်းရည်လွင်တို့ဟာ အများအကျိုးအတွက် အားကြိုးမာန်တက် ဆောင်ရွက်နေကြတဲ့ ပြည်သူ့အနုပညာရှင်များ ဖြစ်ပါတယ်။ သူတို့ဟာ စားဝတ်နေရေး လိုအပ်ချက်အတွက်သာမက ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားရဖို့ပါ အမြဲ ဦးစားပေးတတ်ကြပါတယ်။

©Chit Thu Wai Facebook
©Chit Thu Wai Facebook

ဒီတစ်ခါမှာလည်း Sisters 2 Sisters ဆိုတဲ့ လူမှုအဖွဲ့အစည်းကနေ တစ်ဆင့် စစ်ဘေးရှောင်စခန်းမှ ညီအစ်မများအတွက် ချစ်သုဝေနဲ့ မြနှင်းတို့က အားပေးဂုဏ်ပြုစာလွှာတွေ ပေးပို့ခဲ့ပါတယ်။

သရုပ်ဆောင် ချစ်သုဝေရဲ့ ပေးစာ ©Sisters 2 Sisters
သရုပ်ဆောင် ချစ်သုဝေရဲ့ ပေးစာ ©Sisters 2 Sisters

"လက်ရှိ ဘဝ ဖြတ်သန်းမှုမှာ ဘယ်လိုဒဏ်ရာအနာတရတွေနဲ့ ပူဆွေး ဝမ်းနည်းမှုတွေ များနေပါစေ.... တစ်ချိန် ကိုယ့်အကြောင်း ကိုယ့်မျိုးဆက်တွေနဲ့ လူတချို့ ပြောတဲ့အခါ ဘယ်ဘုံဘဝ ရောက်ရောက် လိပ်ပြာသန့်သန့်နဲ့ ခေါင်းမော့ ပြုံးပြနေမယ်" ဆိုပြီး သရုပ်ဆောင် ချစ်သုဝေက ခွန်အားရဖွယ် ရေးသားခဲ့ပါတယ်။

©Mya Hnin Yee Lwin facebook
©Mya Hnin Yee Lwin facebook

သရုပ်ဆောင် မြနှင်းရည်လွင်ကလည်း ချစ်သုဝေလိုပဲ အားပေးစာလွှာ ရေးခဲ့ပါသေးတယ်။

©Sisters 2 Sisters facebook
©Sisters 2 Sisters facebook

"တကယ်တော့ စစ်ဘေးရှောင်တွေ မဟုတ်ပါဘူး။ ဟန်ပြလောကကြီးထဲကနေ ဖောက်ထွက်ပြီး သစ္စာတရားဆီကို ခိုလှုံရဲတဲ့သူတွေပါ" ဆိုပြီး ရေးသားပေးပို့ခဲ့တဲ့ မြနှင်းဟာ သူမကိုယ်တိုင်လည်း  အမှန်တရားရဲ့ ရင်ခွင်မှာ ခိုလှုံနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ နိုင်ငံတစ်ဝှမ်းက ညီအစ်မများ ခွန်အားပြည့်ပြီး ရှေ့ဆက်နိုင်ကြပါစေ။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T