ဂိမ်းဆော့ရင်းပိုက်ဆံရမဲ့ မာဖီးယားဂိမ်း Syn City

//s9.kh1.co/d5/d52d4d26b5508b596cbcd4f3a4ad602498bf8601.jpeg
E-Sports

 ၂၁-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

2022 Gaming လောကမှာ Play to Earn ဂိမ်းတွေ နေရာတော်တော်ရလာတော့မှာပါ

ဂိမ်းဆော့ရင်းနဲ့ ပိုက်ဆံပြန်ရနိုင်မဲ့ဂိမ်းတွေထဲမှာဆို မာဖီးယားလုပ်ငန်းစုကိ စီမံခန့်ခွဲတဲ့နေရာက ကစားရမဲ့ Syn City ဂိမ်းဟာ စောင့်ကြည့်ရမဲ့ဂိမ်းတွေထဲမှာပါဝင်ပါတယ် ဒီဂိမ်းဟာ ကစားသူအသစ်တွေကို ပစ္စည်းတွေ ပိုများများပေးနေတဲ့ဂိမ်းမလို့ပါ

Syn City ဂိမ်းသာ ဂိမ်းထဲမှာရော ဂိမ်းထက်ပိုကြီး၊ပိုကျယ်ပြန့်တဲ့ Metaverse ထဲမှာပါ သုံးလို့ရတဲ့ NFT တွေပေးတဲ့ပုံစံကို အခြေခံထားတဲ့ဂိမ်းပါ ကစားသူတွေဟာ ကာရိုက်တာတွေနဲ့ အဖွဲ့ဝင်တွေကို အဆင့်မြင့်လာအောင်လုပ်ရမယ် ပစ္စည်းတွေကို ပိုက်ဆံတွေကို စုဆောင်းပြီး စီမံရမယ် အစီအစဥ်တွေချရမယ် နောက်ဆုံး တခြားကစားသမားတွေကို တိုက်ခိုက်တာတွေထိပါလုပ်ရမှာပါ 

https://s9.kh1.co/__image/w=650,h=366,q=100/28/285d05f8ca8cda982e107b66e2835ef19cad902f.jpeg

ဂိမ်းကိုလူကြိုက်များကြတဲ့ နောက်တစ်ခုကတော့ သူ့ရဲ့ အုပ်ချုပ်မူပုံစံကြောင့်ပါ ကစားသူဟာ ဂိမ်းကအကြံပေးတာတွေကိုပဲ လိုက်လုပ်နေစရာမလိုပဲ ကိုယ့်စိတ်ကြိုက် ကစားနိုင်ပါတယ် ဂိမ်းကကိုယ့်ကိုဘာမှကန့်သတ်ထားမှာမဟုတ်ပါဘူး ပုံမှန်ဆို ‌တေ်တော်များများကို ဂိမ်းကညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်ရပေမဲ့ ဒီဂိမ်းမှာတော့မလိုအပ်ပါဘူး

https://s9.kh1.co/__image/w=650,h=366,q=100/cb/cb55f0eb5fbc020f5f6519cb86ab1f9d467e2e4c.jpeg

Syn ရဲ့ Unique ဖြစ်တဲ့မော်ဒယ်ပုံစံကြောင့်ဂိမ်းဟာ ပရိသတ်တွေအများကြီးကိုရရှိထားပါတယ် ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၈သန်းလောက်ကို Funding ပေးထားရပြီး ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက Binance NFT ပေါ်မှာ ဂိမ်းရဲ့ IGO ကိုစတင်ဖြန့်ချီခဲ့တုန်းကဆို မိနစ် ၃၀ အတွင်းနောက်ထပ် ဒေါ်လာ ၃သန်းခွဲထပ်ပေါင်းပေးခဲ့ရပါတယ်

ဒီဂိမ်းကို မာဖီးယားစိတ်ဝင်စားသူ နှစ်သိန်းကျော်ကပုံမှန်ကစားနေကြပါတယ် Syn City ဟာဘလော့ဂ်ချိန်း Gaming စနစ်ကို ၂၀၂၂ ခုနှစ်မှာ အကြီးအကျယ်လွှမ်းမိုးမူရှိနိုင်မယ်လို့ ထင်ကြေးပေးခံထားရတဲ့ဂိမ်းပါ ဂိမ်းဆော့ရင်းနဲ့ပဲ NFT တွေရမဲ့ PlayMining အကြောင်းကိုလည်း အောက်ပါ Link မှာဝင်ရောက်ဖတ်ရှူနိုင်ပါတယ်

သတင်း အရင်းအမြစ်ဂိမ်းဆော့ရင်း ပိုက်ဆံရှာနိုင်မဲ့ PlayMining

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T