သဒ္ဒါတရားထက်သန်တဲ့ လှူဒါန်းမှုတစ်ခုကို ရက်ရက်ရောရော ပြုလုပ်ခဲ့တဲ့ ဘေဘီမောင်တို့ဇနီးမောင်နှံ

//s9.kh1.co/c0/c0f98583301078a1a20f4a8bd0598536ebb6c177.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

မင်းသမီး ဘေဘီမောင်ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့အတူ ယုံကြည်မှုရှိရှိလျှောက်လှမ်းနေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်သလို မိဘပေါ်ကိုလည်း အမြဲသိတတ်လိမ္မာတဲ့ သမီးလေးဖြစ်တာကြောင့် အများကလည်း ချစ်ခင်လေးစားနေရတာ ဖြစ်ပါတယ်။ ယခုဆိုရင်တော့ ဘေဘီမောင်ဟာ ချစ်သူ သားဂန်းနဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Photo Credit - Baby Maung
Photo Credit - Baby Maung
Photo Credit - Baby Maung
Photo Credit - Baby Maung

ဇနီးမောင်နှံနှစ်ဦးလုံးကလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပြီး အရမ်းချစ်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အလှူအတန်းတွေလုပ်ရင်လည်း စိတ်တူကိုယ်တူတွေဖြစ်တာကြောင့် လှူဒါန်းတဲ့အခါမှာ သဒ္ဒါတရားထက်သန်စွာ ရက်ရက်ရောရော လှူဒါန်းပေးကြတဲ့ သူတွေပဲဖြစ်ပါတယ်။ ယခုမှာလည်း ဘေဘီမောင်ဟာ ပြီးခဲ့တဲ့ လပိုင်းက သူမတို့ ဇနီးမောင်နှံနှစ်ဦး လှူဒါန်းမှုပြုခဲ့တဲ့ ကုသိုလ်လေးကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Baby Maung
Photo Credit - Baby Maung
Photo Credit - Baby Maung
Photo Credit - Baby Maung

ဒီအလှူလေးကတော့ နွားဦးတိုက်ဆရာတော်ဘုရားကြီးအား သူမဝတ်ထားတဲ့ စိန်လက်စွပ်ကို ချွတ်ပြီး ရက်ရက်ရောရော လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဘေဘီမောင်တို့ ဇနီးမောင်နှံနှစ်ဦးရဲ့ သဒ္ဒါတရားထက်သန်ပုံဟာ အလွန်ကြီးမားလှတာကြောင့် တကယ့်ကို လေးစားစရာဖြစ်ရပါတယ်။ ဒီထက်မကလည်း အလှူအတန်းတွေ ရက်ရက်ရောရော လှူဒါန်းအောင် သားဂန်းနဲ့ဘေဘီမောင်တို့ ဇနီးမောင်နှံကို ဆုမွန်ကောင်းတွေ တောင်းပေးလိုက်ပါဦးနော်.....။

Photo Credit - Baby Maung
Photo Credit - Baby Maung
Photo Credit - Baby Maung
Photo Credit - Baby Maung

သတင်း အရင်းအမြစ်Source - Baby Maung

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T