မင်္ဂလာလက်ထပ်ပွဲအခမ်းအနားကို ၁၀ ရက်တိုင် ကျင်းပ​သွားမယ့် ဘရူနိုင်း တော်ဝင်မင်းသမီး Fadzilah

//s9.kh1.co/53/53676acf5c4ed1e6b086dcd621976bec0ad8e8e2.jpg
နေ့စဉ်သတင်းများ

 ၂၀-ဇန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ဘရူနိုင်းဘုရင်ရဲ့ သမီး​တော် မင်းသမီး Fadzilah ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က မင်္ဂလာအခမ်းအနားကိုစတင် ကျင်းပနေပြီလို့ သိရပါတယ်။ သူမရဲ့ မင်္ဂလာပွဲကို ဇန်နဝါရီလ ၁၆ ရက်မှ ၂၅ ရက်နေ့အထိ (၁၀) ရက်တာ ကျင်းပဖို့လည်း စီစဉ်ထားပါတယ်။ မင်းသမီးရဲ့ တော်ဝင်အခမ်းအနားကို ပထမနေ့မှာ ဖွင့်ပွဲစတင်ခဲ့ပြီး (၁၀) ရက်အတွင်း ဖွင့်ပွဲ အခမ်းအနား ၊ တော်ဝင်မင်္ဂလာ ဧည့်ခံပွဲ နဲ့ ပိတ်ပွဲ အခမ်းအနားအပြင် ဘုရင့်မင်္ဂလာ ဧည့်ခံပွဲ တွေကိုလည်း ခမ်းခမ်းနားနား ကျင်းပသွားမှာ ဖြစ်ပါတယ်။

Photo Credit -Scmp.com
Photo Credit -Scmp.com
Photo Credit -Scmp.com
Photo Credit -Scmp.com
Photo Credit -Scmp.com
Photo Credit -Scmp.com

အသက် ၃၆ နှစ်ရှိ မင်းသမီး Fadzilah ဟာ မြင်းစီးအားကစားမှာ ကျွမ်းကျင်သူ ဖြစ်ပါတယ်။ Kingston University ကနေလည်း နိုင်ငံတကာ ဘာသာရပ်နဲ့ ၂၀၀၈ခုနှစ်မှာ ဘွဲ့ရရှိခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ Hult International Business School မှ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ကို ရရှိခဲ့ပါတယ်။

Photo Credit -Scmp.com
Photo Credit -Scmp.com
Photo Credit -Scmp.com
Photo Credit -Scmp.com

သူမရဲ့ ခမည်း​တော်ဖြစ်သူ Brunei Sultan Hassanal Bolkiah ဟာ ၁၉၆၇ မှာနန်းတက်ခဲ့ပြီး အဲလိဇဘက် ဘုရင်မကြီး ပြီးနောက် ကမ္ဘာပေါ်မှာ ဒုတိယ နန်းသက်အရှည်ဆုံး ဖြစ်တဲ့ ဘုရင်တစ်ပါးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချမ်းသာဆုံး တော်ဝင်စာရင်းတွေထဲမှာလည်း သူတို့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံရှိတယ်လို့ သိရပါတယ်။

Photo Credit -Scmp.com
Photo Credit -Scmp.com

သတင်း အရင်းအမြစ်Source - Scmp.com

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T