အမျိုးသမီးများနဲ့ ကလေးများကိုသာ ပစ်မှတ်ထားတဲ့ ဆိုဗီယက် လူသတ်သမား

//s9.kh1.co/3d/3da598a0fa5f5b6bacc414d4ce42b7ecfc18e678.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-ဇန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

Andréi Románovich Chikatilo ကို "The Butcher of Rostov"၊ "the Red Ripper" နှင့် "The Ripper of Rostov" တို့ဆိုပြီး သိရှိကြပါတယ်။ သူဟာ အမျိုးသမီးနှင့်ကလေးငယ် ၅၆ ဦးကို အဓမ္မပြုကျင့်ခဲ့ပြီး သူ့အသက် ၅၇ နှစ်တွင် သေဒဏ်ပေးခံခဲ့ရပါတယ်။ သူလုပ်ခဲ့တဲ့ ပြစ်မှုတွေထဲက ၅၃ မှုကိုသာ စီရင်ချက်ချခဲ့တာဖြစ်ပါတယ်။ 1936 ခုနှစ် အောက်တိုဘာလ 16 ရက်နေ့တွင် Yáblochnoye (ယခု ယူကရိန်း၊ ထိုစဉ်က ဆိုဗီယက်ယူနီယံရှိ မြို့ငယ်လေးတွင် မွေးဖွားခဲ့သည်) Románovich Chikatilo ဟာ အဲ့ဒီအချိန်တုန်းက နိုင်ငံရဲ့ အဆိုးဆုံး လူသတ်သမားအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=500,h=500,q=100/48/48f9ee7679ca6fc46d1f3e9c6007dee0154c6d3c.jpg
https://s9.kh1.co/__image/w=650,h=406,q=100/2a/2acd722860808bcb8fc088266d399927cbfc6979.jpeg

1978 ခုနှစ်တွင် Andrei Chikatilo ဟာ ရုရှားနိုင်ငံ Rostov တွင် လူသတ်မှုကို စတင်ခဲ့ပါတယ်။ သူ့ရဲ့ပစ်မှတ်ခံရသူများမှာ အမျိုးသမီးငယ်များနှင့် ကလေးငယ်များသာဖြစ်ပါတယ်။ Andrei ဟာ အမျိုးသမီးများနှင့် ကလေးများကို ပြန်ပေးဆွဲပြီး နောက်ပိုင်းတွင် သူတို့ရဲ့ လည်ချောင်းများကို လှီးဖြတ်ကာ ရက်ရက်စက်စက် သတ်ပစ်ခဲ့သူတစ်‌ေယာက်ပါ။ နောက်ပိုင်းနှစ်တွေမှာတော့ ဓားနဲ့ထိုးခံရတဲ့ အမျိုးသမီးတွေက သူ့ကို Orgasm ရောက်အောင် ကူညီပေးခဲ့တယ်လို့ ရဲတွေကို ဝန်ခံခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/e9/e98bf1088aff27e9ab2dafa1e398736fd0a7954f.jpg
https://s9.kh1.co/__image/w=650,h=366,q=100/52/52f8918655befb772a734c5f75216999d77c5bf0.jpg

Andrei ကို Rostov ရဲ့ Butcher နှင့် Rostov Ripper လို့ခေါ်ကြပါတယ်။ 1984 တွင် ရဲတပ်ဖွဲ့က Andrei ဟာ မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်‌ေနသည်ကိုတွေ့မြင်ပြီးနောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ Andrei ဟာ အမျိုးသမီးနှင့် ကလေး ၅၆ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး လူသတ်မှု ၅၃ မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ 1994 ခုနှစ်တွင် Andrei ကို သေနတ်နဲ့ပစ်ပြီး ကွပ်မျက်ခဲ့ကြပါတယ်။

သတင်း အရင်းအမြစ်Medium

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T