ကော့မှူးမြို့နယ်က ရွာလေးတစ်ရွာမှာ တစ်ချိန်က စာသင်ကျောင်းလေး ဆောက်လုပ်လှူဒါန်းပေးခဲ့တဲ့ အမှတ်တရလေးကို ပြောပြလာခဲ့တဲ့ ထက်ထက်မိုးဦး

//s9.kh1.co/38/38d55601ce1694cd358425e22dc9b48a9ecfb8b4.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

တစ်ချိန်က ကြော်ငြာဘုရင်မလို့တောင် တင်စားခဲ့ကြတဲ့အထိ အောက်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ သူကတော့ မင်းသမီး ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးဟာ ပြောင်မြောက်တဲ့ အနုပညာစွမ်းရည်တွေကို ပိုင်ဆိုင်ခဲ့ပြီး ပြိုင်ဆိုင်ရှားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိအချိန်ထိ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကလည်း ပရိသတ်တွေအတွက် ချစ်အားပိုစေခဲ့ပါတယ်။

Photo Credit - Htet Htet Moe Oo
Photo Credit - Htet Htet Moe Oo
Photo Credit - Htet Htet Moe Oo
Photo Credit - Htet Htet Moe Oo

အသက်အရွယ်ရလာပေမယ့်လည်း ယနေ့အချိန်ထိ ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုပြီး ချောမောနေတုန်းပဲဖြစ်ပါတယ်။ လက်တလောမှာလည်း ထက်ထက်မိုးဦးဟာ အလှူလေးတွေလည်း ပြုလုပ်တာတွေ့ရသလို အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာတွေအပြင် Online ကနေ တန်ဖိုးကြီးလက်ဝတ်ရတနာတွေကို ရောင်းပေးနေတာ တွေ့ရပါတယ်။ ယခုမှာတော့ ထက်ထက်မိုးဦး က တစ်ချိန်တုန်းက အလှူလေးပြုလုပ်ခဲ့တာလေးကို သတိတရနဲ့ ပြန်လည်ပြောပြလာခဲ့တာ တွေ့ရပါတယ်။

Photo Credit - Htet Htet Moe Oo
Photo Credit - Htet Htet Moe Oo
Photo Credit - Htet Htet Moe Oo
Photo Credit - Htet Htet Moe Oo
Photo Credit - Htet Htet Moe Oo
Photo Credit - Htet Htet Moe Oo

ဒီအလှူလေးကတော့ ကော့မှူးမြို့နယ်ထဲက ထန်းမနိုင်ရွာမှာ ပြုလုပ်ပေးခဲ့တဲ့ အလှူလေးပဲ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက ထက်ထက်မိုးဦး ဟာ သက်ကယ်လေးတွေမိုးပြီး စာသင်နေကြရတဲ့ ထန်းမနိုင် ကျောင်းလေးမှာ ကျောင်းဆောင်အသစ်လေး ဆောက်လုပ်ပေးခဲ့တဲ့အပြင် ကလေးတွေ သွားလာဖို့အဆင်ပြေအောင် ကျောင်းတံတားလေးပါ ဆောက်လုပ်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီအလှူလေးကို ပြုလုပ်နိုင်ဖို့ သူမဟာ အချိန် (၁) နှစ်လောက်အနုပညာတွေလုပ်ပြီး ရလာတဲ့အနုပညာကြေးတွေနဲ့ တည်ဆောက်လှူဒါန်းပေးခဲ့တာလို့ သိရပါတယ်။ ဒီလိုအလှူလေးတွေကို ရက်ရက်ရောရောနဲ့ လှူဒါန်းခဲ့တာကတော့ တကယ့်ကိုလေးစားစရာပါ။ နောက်ထက်လည်း ဒီထက်မက လှူဒါန်းနိုင်အောင် ချစ်တဲ့ပရိသတ်တွေကလည်း မင်းသမီးကြီး ထက်ထက်မိုးဦးအတွက် ဆုတောင်းပေးပါဦးနော်... ။

Photo Credit - Htet Htet Moe Oo
Photo Credit - Htet Htet Moe Oo
Photo Credit - Htet Htet Moe Oo
Photo Credit - Htet Htet Moe Oo

သတင်း အရင်းအမြစ်Source - Htet Htet Moe Oo

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T