ကျားနှစ်ကို ကြိုဆိုမယ့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဘန်ကောက် ဖျက်သိမ်း

//s9.kh1.co/7a/7a36ee63570e95922a29cfe1cb4d32d315a99f24.jpg
နေ့စဉ်သတင်းများ

 ၂၀-ဇန်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

ကိုဗစ်ကူးစက်မှုကြောင့် ပွဲတော်များ ဖျက်သိမ်းခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က တရုတ်တန်းလို့ နာမည်ကြီးတဲ့ ရာဝါအပ်လမ်းမ (Yaowarat Road) ကြီးမှာ ပြုလုပ်မယ့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ထိုင်းအစိုးရက ဖျက်သိမ်းလိုက်ပါတယ်။ ၂၀၂၂ ကျားနှစ်ကို ကြိုဆိုဖို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နှစ်သစ်ကူးပွဲ ကျင်းပဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/23/23e19b0bbd1b173e055d281fdab5bcfd150af123.jpg

ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ ပြန်များလာနေပါတယ်။ မနေ့က တစ်နေ့တည်း ပိုးတွေ့အတည်ပြုလူနာ ၃၈၃ ယောက်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း လူဦးရေ ထူထပ်တဲ့ ဘန်ကောက်မှာ ပွဲတော်ကြီး ကျင်းပဖို့ ခွင့်မပြုတာပါ။ ဒါပေမဲ့ လမ်းမကြီးကိုတော့ ရောင်စုံမီးပုံးများနဲ့ အလှဆင်ထားမှာ ဖြစ်ပြီး ရိုးရာကန်တော့မယ့်နေရာတွေကို ဖွင့်ထားပေးမယ်လို့ သိရပါတယ်။ ကိုဗစ်ကြောင့် အရင်လိုတော့ ဖျော်ဖြေသူတွေ၊ လမ်းဘေးဆိုင်လေးတွေနဲ့ စည်စည်ကားကား မဖြစ်တော့ဘူးပေါ့။ အရင်တုန်းက ဒီလမ်းမတစ်လျှောက်ဟာ ရောင်စုံမီးများနဲ့ အနီရောင်ဝတ်ထားတဲ့ ထိုင်းတရုတ်လေးတွေ၊ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ပြည့်နှက်ပြီး သက်ဝင်လှုပ်ရှားနေခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=469,q=100/f0/f0630817521e9f8ecd0883bba5bb9e6567d0d1c1.jpg

ဒီနှစ်တော့ ဘန်ကောက်တရုတ်တန်းမှာတင် မကဘဲ ဖူးခက်မှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ တရုတ်နှစ်ကူးပွဲတော်ကိုလည်း ဖျက်သိမ်းသွားမယ်လို့ သိရပါတယ်။

Ref - Thaiger News 

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T