ဒီတစ်ခေါက် ကိုဗစ်ဟာ ကလေးငယ်တွေကို ပိုထိခိုက်နိုင်

//s9.kh1.co/36/3640895cccdf1cd3b1164dbbc245b169466a7bc2.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၉-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

နိုင်ငံတော်တော်များများမှာ အိုမီခရွန်မျိုးကွဲ​ ကူးစက်ခံရတဲ့ ကလေးငယ်အရေအတွက် များလာပါတယ်။ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ ကိုဗစ်ကြောင့် ဆေးရုံတက်ရတဲ့ ကလေးတွေ အရင်ထက် ၅ ဆ လောက် ပိုများလာပါတယ်။

https://s9.kh1.co/__image/w=620,h=464,q=100/05/05d9bbcbeedf06339d260e021d3f16b92061b75e.jpg

အရင် မျိုးကွဲတွေတုန်းက ကိုဗစ်ဟာ ကလေးတွေအပေါ် သိပ်ထိခိုက်မှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ အိုမီခရွန်ကျမှ အရမ်းကူးစက်လွယ်တာကြောင့် ကလေးတွေကိုပါ အလွတ်မပေးတော့တာပါ။ ဒါ့အပြင် အရင် ဒယ်လ်တာနဲ့ မတူတဲ့အချက်က အိုမီခရွန်ဟာ လေပြွန်အပေါ်ပိုင်းမှာ ဒုက္ခပေးတာဖြစ်တဲ့အတွက် လူကြီးနဲ့ ယှဥ်ရင် အင်မတန်သေးငယ်တဲ့ ကလေးလေးတွေရဲ့ လေပြွန်ကို သွား ပိတ်စေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/51/513eb6e395d046964a300cd5749fe90b02ef076b.jpg

ကာကွယ်ဆေးကလည်း အရေးကြီးပါတယ်။ အမေရိကန်နိုင်ငံမှာတောင် ၅ နှစ်အောက် ကလေးငယ်တွေအတွက် ကိုဗစ်ကာကွယ်ဆေး မရှိသေးပါ။ အသက် ၅-၁၁ နှစ်အတွင်း ကလေးတွေမှာ ၁၈ % သာ ကာကွယ်ဆေး ထိုးရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် အိုမီဟာ ကလေးတွေအပေါ် မသက်ညှာတာ အမှန်ပါပဲ။

Ref : Economist magazine

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T