ဖေဖော်ဝါရီလက စပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနမှာ အွန်လိုင်းဘွတ်ကင်စနစ် ကျင့်သုံးတော့မယ်လို့ သိရပါတယ်။ ဒီသတင်းကို Yangon General Hospital facebook page က မနေ့က ကြေညာခဲ့တာပါ။
လူနာများ မနက်အစောကြီး ထပြီး တန်းစီရခြင်း၊ အလှည့်ရောက်ဖို့ အကြာကြီး စောင့်ရခြင်းနဲ့ လူစုလူဝေးဖြစ်တာကို လျှော့ချဖို့ ခုလိုလုပ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဘွတ်ကင်လုပ်လိုလျှင် Viber သို့မဟုတ် Messenger မှာ @caremebot လို့ ရိုက်ရှာပြီး လုပ်ရုံပါပဲ။ ဘွတ်ကင်လုပ်နည်းအဆင့်ဆင့်ကိုလည်း ရန်ကုန်ဆေးရုံကြီး facebook မှာ ပြောပြထားပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်ရယ် ဆေးရုံက အချက်အလက် စာအုပ်စာတမ်းရယ် ဓာတ်ပုံရိုက်ပြရုံပါပဲ။ လွယ်ကူရိုးရှင်းပြီး အချိန်ကုန် သက်သာပါတယ်။
ပြသနိုင်တဲ့ သက်ဆိုင်ရာ ဌာနရဲ့ အချိန်စာရင်းကိုလည်း ထုတ်ပေးထားပါတယ်။ ဒီစနစ်ကိုတော့ ၁.၂.၂၀၂၂ မှာ စတင်ကျင့်သုံးမယ်လို့ သိရပါတယ်။
Credit - Yangon General Hospital Facebook