PS 5 ဂိမ်းခလုပ်ကို လက်တစ်ဖက်ထဲနဲ့ ကစားနိုင်အောင် YouTuber တစ်ဦးကတီထွင်ပေးခဲ့ - Myanmarload

PS 5 ဂိမ်းခလုပ်ကို လက်တစ်ဖက်ထဲနဲ့ ကစားနိုင်အောင် YouTuber တစ်ဦးကတီထွင်ပေးခဲ့

https://s9.kh1.co/12/12af2629f5f9eb88edf0fe4dcc1e848e833b3a92.jpg
E-Sports
 14-Jan-2022 2pm · 10 days ago

3D Printer တစ်လုံးရှိရင် ဖန်တီးလို့ရတဲ့ Attachement တွေဖြစ်ပါတယ်

PlayStation 1 ကစလို့ ခုချိန်ထိထွက်ရှိထားတဲ့ PlayStation 5 အထိ‌ ဂိမ်းစက်တွေအားလုံးဟာ Controller တွေကိုင်ပြီးကစားရတာပါ လက်နှစ်ဖက်စလုံးနဲ့ကိုင်ပြီး အားရပါးရကစားရတာဖြစ်ပါတယ် လက်နှစ်ဖက်လုံးနဲ့ ကိုင်ဆော့ရတာမလို့ တချို့ မသန်စွမ်း Gamer တွေအတွက် ကန့်သတ်ချက်တွေရှိလာပါတယ်

https://s9.kh1.co/__image/w=650,h=434,q=100/43/433458981615d5ca31cb4d7334f005081e31aafb.jpg
Credit:Sony

ဒီလိုကန့်သတ်ချက်တွေကို ကျော်လွှားနိုင်စေဖို့ YouTuber တစ်ယောက်ကကူညီပေးလိုက်ပါပြီ PlayStation 5 ဂိမ်းခလုပ်ကို လက်တစ်ဖက်တည်းနဲ့ ကစားနိုင်စေဖို့အတွက် အပိုတပ်ဆင်ရမဲ့ကိရိယာတွေကို အဲ့ဒီ YouTuber ကတီထွင်ပေးခဲ့ပါတယ် 

သူ့နာမည်ကတော့ Akaki Kuumeri ပါ ဘယ်ဖက်ဘုခလုပ်ပေါ်မှာ ပစ္စည်းတွေကိုတပ်ဆင်ထားပြီး အဲ့ဘုခလုပ်ကို အသုံးပြုချင်ရင် လက်ကိုင်ခလုပ်ကို‌ စောင်းချလိုက်တဲ့ပုံစံနဲ့ အသုံးပြုရမှာဖြစ်ပါတယ် ဘေးခလုပ်တွေကိုတောင် အသုံးပြုနိုင်မဲ့ ပစ္စည်းတွေတပ်ဆင်ထားပါတယ် လက်နှစ်ဖက်စလုံးကို အသုံးပြုဖို့အခက်အခဲရှိတဲ့ Gamer တွေအတွက် ဒီလုပ်ဆောင်ချက်လေးက အရမ်းမိုက်ပါတယ် 

https://s9.kh1.co/__image/w=650,h=432,q=100/29/29337c3b5903380956e27ff7234f9a0342d8f408.jpg
Credit:Akaki Kuumeri

DuelSense လို့အမည်ပေးထားတဲ့ ဒီလက်ကိုင်ကို 3D Printer အသုံးပြုပြီး ဖန်တီးထားတာဖြစ်ပါတယ် Kuumeri ဟာ သူ့ဒီဇိုင်းကိုရောင်းချပြီး ပိုက်ဆံရှာနိုင်ပေမဲ့လည်း အဲ့လိုမလုပ်ခဲ့ပဲ တခြားသူတွေအားလုံး ပြန်လည်ဖန်တီးနိုင်အောင် လိုင်းပေါ်မှာတင်ပေးခဲ့တာပါ Miscrosoft မှာဆုရထားတဲ့ Adaptive လက်ကိုင်ခလုပ်ရှိနေပြီးသားမလို့ Sony ကလည်းအဲ့လိုစိတ်ကူးမျိုး ရလာမလားမပြောနိုင်ပါဘူ

https://s9.kh1.co/__image/w=650,h=366,q=100/a6/a6d060cbfa0386095714e218fd18d24c62df47d2.jpg
Credit:MIscrosoft

လက်ကိုင်ကိုဘယ်လိုအသုံးပြုရတယ် ဘယ်လောက်လွယ်တယ် သူဘယ်လိုပုံစံတွေ ဖန်တီးထားလဲ ဘယ်လိုဖြုတ်ရတပ်ရလဲ ဆော့လို့ရောအဆင်ပြေနိုင်လားဆိုတာတွေ သိချင်ရင်တော့ အောက်ပါ Video ကိုကြည့်ရှူနိုင်ပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်ဆောင်းပါး