အနုပညာလောကမှာ ထူးချွန်ထက်မြက်တဲ့ ကိုရီးယားမင်းသမီးတွေကို ဖန်သားပြင်ပေါ်မှာ ခဏလေးပဲဖြစ်ဖြစ် မြင်တွေ့ရတာကာ ပျော်ရွှင်စရာတစ်ခုပါ။ တချို့မင်းသမီးတွေကတော့ ကိုယ်ပိုင်ဘဝလေးနဲ့ရော အနုပညာအလုပ်မှာ တာဝန်ကျေအောင် ကြိုးစားနေကြသလို တချို့ကြတော့လည်း မိသားစုမှာကိုပဲ အချိန်ပေးပြီး အနုပညာအလုပ်ကနေ အနားယူသွားကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီထဲမှာမှ မကြာခင်မှာ မိခင်လောင်းတွေဖြစ်လာတော့မယ့် ကိုရီးယားမင်းသမီးချော (၅) ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။
1. Park Shin Hye
မနှစ်က နိုဝင်ဘာလ (၂၃) ရက်နေ့တုန်းက Park Shin Hye ဟာ မင်းသား Choi Tae Joon နဲ့ လက်ထပ်တော့မှာလို့ ကြေညာခဲ့ပြီး ရင်သွေးလေးလည်း လွယ်ထားရပြီဖြစ်ကြောင်း သူမရဲ့ ပရိသတ်တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
2. Kang Sora
Kang Sora ဟာ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ အနုပညာလောကထဲကမဟုတ်တဲ့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပြီး သူမရဲ့ ပထမဆုံးရင်သွေးလေးကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ အောင်မြင်စွာမွေးဖွားခဲ့တာ ဖြစ်ပါတယ်။
3. Hwang Jung Eum
Hwang Jung Eum ဟာ professional golferဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ Lee Young Don နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်တုန်းက သားဦးလေးကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီးဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီဖြစ်ကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့က ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။
4. Min Hyo Rin
Taeyang ရဲ့ ဇနီးချောလေး Min Hyo Rin ကတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ပထမဆုံးသောရင်သွေးလေးကို မွေးဖွားခဲ့ပြီး မိခင်ဖြစ်လာသူတစ်ယောက်ဖြစ်ပါတယ်။
5. Sung Yuri
Fin.K.L ရဲ့ အဖွဲ့ဝင်ဖြစ်သလို မင်းသမီးတစ်ယောက်လည်းဖြစ်တဲ့ Sung Yuri ကလည်း professional golfer Ahn Sung Hyun နဲ့ ၂၀၁၇ ခုနှစ် မေလတုန်းက လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ် ဇူလိုင်လ၁၆တုန်းက ပထမဆုံးကိုယ်ဝန်ကို လွယ်ထားရကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
Source : Soompi