အရေးတော်ပုံအတွက် အသက်ပေးခဲ့တဲ့ ကဗျာဆရာ ခက်သီရဲ့ ၈ လပြည့်မှာ မိခင်ဖြစ်သူရဲ့ ကြည်နူးကြေကွဲဖွယ် အလှူ - Myanmarload

အရေးတော်ပုံအတွက် အသက်ပေးခဲ့တဲ့ ကဗျာဆရာ ခက်သီရဲ့ ၈ လပြည့်မှာ မိခင်ဖြစ်သူရဲ့ ကြည်နူးကြေကွဲဖွယ် အလှူ

https://s9.kh1.co/5a/5a1f7aea5f4b943cdc1fb399123a58f9fcd7a1ec.jpg
နေ့စဉ်သတင်းများ
 10-Jan-2022 2pm · 14 days ago

သူတို့က ခေါင်းကိုပစ်တယ်။ တော်လှန်ရေးက နှလုံးသားမှာ ရှိတာ သူတို့ မသိကြဘူး။ (ခက်သီ)

"နောက်ဆုံးမိနစ်အထိ လိပ်ပြာသန့်သန့် နေသွားခဲ့သော ကဗျာဆရာ ခက်သီ (ခ) ဇော်ထွန်း ကျဆုံး ၈ လပြည့် အမှတ်တရ ကုသိုလ်တော်" လို့ ရေးထားတဲ့ စာအိတ်လေးကတော့ လွန်ခဲ့သော ၂၀၂၁၊ မေလ ၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ရတဲ့ တော်လှန်ကဗျာဆရာ့အမေရဲ့ ဖြူစင်လှိုက်လှဲတဲ့ နဝကမ္မ အလှူတော် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/98/98872cc5bb0f247f705a3722b6272d14dd6c8346.jpg
Photo : Khit Thit Media

ဇာတိက စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ဖြစ်ပြီး ဆေးကုသရန် ပခုက္ကူလာရင်း ဆရာတော် ဦးစန္ဒောဘာသကို သားကဗျာဆရာ လလည်အတွက် လှူခဲ့တဲ့ အမေပါ။ သားကို နှမျောပေမဲ့ ဂုဏ်ယူနေတဲ့ အာဇာနည်မိခင်လည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/b7/b7534ce57a7efe0ec13bf78ad8eb0a3641d585ef.jpg
Photo : ဦးစန္ဒောဘာသ facebook

ဒီအကြောင်းအရာလေးကို ဆရာတော်က ဓာတ်ပုံနှင့်တကွ facebook မှာ ဝေမျှခဲ့ရာ ပြည်သူအပေါင်းမှာ လွမ်းလည်းလွမ်းကာ သာဓုခေါ်ခဲ့ကြပါတယ်။ ဆရာတော်ကလည်း အလှူရှင်ကုသိုလ်ပိုရအောင် ညနေတိုင်း ဝေနေကျ ဆန်ပြုတ်ကုသိုလ်ထဲ ထည့်ပေးလိုက်တယ်လို့ မိန့်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/da/da103d8e1a17ef925c743e9ea221319ccf7cd4f1.jpg
Photo : Khit Thit Media

ခက်သီက ကဗျာဉာဥ်သာမက တော်လှန်ရေးစိတ်ဓာတ်ပါ သွေးရဲခဲ့သူမို့ ၄၅ နှစ်အရွယ်မှာပဲ ကျဆုံးခဲ့ရပေမဲ့ သူ့ရဲ့ ကဗျာတစ်ပုဒ်ထဲကလို "ရှင်သန်မှုဟာ တစ်မိနစ်ပဲ ကျန်တော့မယ်ဆိုရင် အဲဒီ တစ်မိနစ်ကိုတောင် လိပ်ပြာသန့်သန့်" နေသွားခဲ့သူတစ်ဦးပါ။ ဆရာတော် ဦးစန္ဒောဘာသကလည်း ဂုဏ်ယူစွာနဲ့ ခုလို ဆုပေးခဲ့ပါတယ်။

"မတရားပြုခြင်း အမြဲရှင်း လက်ငင်းချမ်းသာ ရပါစေ။

တရားသဖြင့် အမြဲကျင့် ဥာဏ်ရင့်သန်လို့ အေးပါစေ။

ကောင်းသောအလုပ် ကိုယ့်အလုပ် အားထုတ်အမြဲ လုပ်နိုင်စေ"။

https://s9.kh1.co/__image/w=650,h=488,q=100/0f/0f149daee24409dff0522d1a8051375f2eb1c6a3.jpg
Photo : ဦးစန္ဒောဘာသ facebook
Eaint Yadanar Min
Eaint

ဆက်စပ်ဆောင်းပါး