၂၀၂၂ နှစ်သစ်မှစလို့ ကံကောင်းခြင်းတွေနဲ့အတူ AFF Championship ချန်ပီယံဆုဖလားကြီးကို ထိုင်းလက်ရွေးစင်အသင်းကတော့ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကျင်းပပြုလုပ်တဲ့ (၁၃) ကြိမ်မြောက် နှစ်ပတ်လည် ဆူဇူကီးဖလားပြိုင်ပွဲမှာ ထိုင်းအသင်းဟာ နောက်ဆုံးဗိုလ်လုပွဲကြီးကို တက်ရောက်ခဲ့ပြီး အင်ဒိုနီးရှားလက်ရွေးစင်အသင်းနဲ့ ပထမကျော့ ၊ ဒုတိယကျော့ဖြစ် ပွဲစဥ် နှစ်ပွဲယှဥ်ပြိုင်ခဲ့ကာ ပွဲစဥ် နှစ်ပွဲပေါင်း (၆-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး AFF Championship ချန်ပီယံဆုဖလားကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ဆုံးဆုပေးပွဲမှာ ဆုဖလားအပြင်ထိုင်းအသင်းဟာ အာဆီယံဘောလုံးအဖွဲ့ချုပ်ထံမှ ဆုငွေ စင်ကာပူဒေါ်လာ (၁.၈) သန်းကိုလည်း ရရှိခဲ့ပါတယ်။ နောက်ဆုံး ဗိုလ်လုပွဲကြီးကို အတူတက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှားလက်ရွေးစင်အသင်းဟာ ဗိုလ်လုပွဲကို ခြောက်ကြိမ် နဲ့ အကြိမ်အများဆုံးတက်ရောက်နိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ဒီနှစ်မှာပါ ချန်ပီယံဆုကို ထပ်မံလွဲချော်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းအသင်းကတော့ စနေနေ့မှာ ဆဋ္ဌမအကြိမ်မြောက် AFF Championship ဖိုင်နယ်ကို အနိုင်ရရှိပြီးနောက် တနင်္ဂနွေနေ့မွန်းလွဲပိုင်းမှာ ထိုင်းလက်ရွေးစင်အသင်းက သုဝဏ္ဏဘူမိလေဆိပ်သို့ ဆုဖလားကြီးနဲ့အတူ ပြန်လည်ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။ သုဝဏ္ဏဘူမိလေဆိပ်ကို ဆုဖလားကြီးနဲ့အတူ ပြန်လည်ရောက်ရှိတဲ့ ထိုင်းလက်ရွေးစင်အသင်းကို သတင်းထောက်အများအပြားဖြင့် အားပေးခဲ့ကြတဲ့ ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - The Nation Thailand