အသက် ၄ နှစ်အရွယ်ကတည်း ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရပြီး အသက်ကြီးမှ မိသားစုနဲ့ ပြန်လည်စုံတွေ့

//s9.kh1.co/a9/a96b4de5c334b50e01c5a940c73e69db58f10639.jpg
နေ့စဉ်သတင်းများ

 ၀၃-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

အသက် လေးနှစ်အရွယ်တွင် ကလေးသူငယ် လူကုန်ကူးဂိုဏ်းမှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသားတစ်ဦးဟာ နှစ်ပေါင်း 30 ကျော်ကြာ အမှတ်ရနေခဲ့တဲ့ သူ့ရဲ့ဇာတိရွာမြေပုံကို မျှဝေပြီးနောက် မိသားစုနှင့် ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ Li Jingwei က သူဟာ "မရေမတွက်နိုင်တဲ့ ညများကို တမ်းတခြင်း" ဖြင့် "ငယ်ငယ်ကတည်းက အိမ်ကုိလွမ်းနေခဲ့သည်" ဟု အွန်လိုင်းတွင် ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/78/785bc3e0a8578c992968d439433f194630fc5aba.jpg

အခြားပြန်ပေးဆွဲခံရတဲ့ ကလေးငယ်များဟာလည်း ဆွေမျိုးများနှင့် ပြန်လည်တွေ့ဆုံကြောင်း သိကြားပြီးနောက် Mr Li ဟာ တရုတ်နိုင်ငံအပြင်ဘက်တွင် TikTok လို့လူသိများတဲ့ Douyin အက်ပ်ကနေ ဗီဒီယိုတစ်ခုကို ဒီဇင်ဘာလတွင် မျှဝေခဲ့ပါတယ်။ ဗီဒီယိုထဲထဲမှာ ရွာတစ်ရွာတွင် သားဖြစ်သူ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးတစ်ဦးနှင့် ရဲများက မြေပုံတစ်ခုလည်း ပါဝင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/25/259ccae347cebd0ce05b3c49de1dc32af253dbec.jpg

မစ္စတာလီဟာ သူ့မွေးရပ်မြေနှင့် သူ့လမ်းအမည်ကို မမှတ်မိ‌ေပမယ့်လည်း သိတာလေးတွေကို ဖော်ပြီးတော့ မြေပုံတစ်ခုကို ဖန်းတီးခဲ့ပါတယ်။ DNA စစ်ဆေးပြီးနောက်မှာတော့ သူနဲ့သူ့အမေတို့ဟာ နှစ်သစ်ကူးနေ့မှာ ပြန်တွေ့ခဲ့ပါတယ်။ 1989 ခုနှစ်တွင် ပြန်ပေးဆွဲခံရပြီးနောက် Mr Li ကို သူ့ရဲ့မိသားစုအိမ်မှ မိုင် 1,000 အကွာ Lankao ရှိ မိသားစုထံသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ ချက်ခြင်းဆိုသလိုပင် သူဟာ သူ့မွေးရပ်မြေကို မှတ်မိစေရန် တုတ်တစ်ချောင်းဖြင့် မြေပြင်ပေါ်တွင် ပုံများကို စတင်ရေးဆွဲခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/7d/7d13dc55a4ddfa357b61a67e1fcaef1cd0ee71eb.jpg

“တစ်နေ့ကို အနည်းဆုံး တစ်ခါလောက် ပုံဆွဲတတ်တဲ့ အလေ့အကျင့်ကို ကျွန်တော် ဖန်တီးထားပါတယ်” လို့ တရုတ်ထုတ် The Paper နှင့် အင်တာဗျူးတွင် သူက ပြောကြားခဲ့ပါတယ်။ အချို့သောအသေးစိတ်အချက်အလက်များမှာ သူနှင့်အတူကျန်ရှိနေကြောင်း သူက ပြောပါတယ်။ သူ့ကို ခေါ်ဆောင်သွားတဲ့ မိသားစုရဲ့ စရိုက်လက္ခဏာများကုိလည်း သူ့သိရှိ‌ေနပါ‌ေသးတယ်။ မျက်နှာ၊ မျက်လုံးနှင့် နဖူးဟာ သူ့အဖေနဲ့တူသည်ဟု ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/e7/e74a886b1f355f5f007b896b05bd5ae74d4af500.jpg

ပြန်ပေးဆွဲမှုနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် မစ္စတာလီက သူ့ကို ခေါင်းပြောင်နေတဲ့ အမျိုးသားတစ်ဦးမှ ခေါ်ဆောင်သွားကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသက် ၄၀ အရွယ် စုံတွဲတစ်တွဲက သူ့ကို အဝတ်အစားအသစ်တွေဝယ်ပြီး တစ်ရက်နဲ့တစ်ညကြာအောင် ရထားနဲ့ ခရီးသွားခဲ့ပြီး သူ့ကို ကောင်းကောင်းဆက်ဆံတဲ့ မွေးစားမိသားစုဆီ ပို့ပေးခဲ့တာကို ပြောပြခဲ့ပါတယ်။ သူကိုလည်း အဲ့အိမ်က ကောင်းကောင်းဆက်ဆံခံပြီး အသက်ကြီးလာချိန်မှာ သူဟာမြေပုံလေးထဲကနေရာကို သွားရောက်ခဲ့ပြီး အမေနဲ့ပြန်လည်တွေ့ဆုံးခဲ့ရပါတယ်။ တခြားပြန်ပေးဆွဲခံရတဲ့ကလေးတွေလည်း တစ်နည်းနည်းနဲ့ လွတ်မြောက်ခဲ့ကြပြီး မွေးရပါမြေဆီ ပြန်လည်ရောက်ရှိခဲ့ကြပြီ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Sky News

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T