လေးနှစ်သားလေးရဲ့ အရေးပေါ်ဖုန်းခေါ်ဆိုမှုကြောင့် အံ့ဩသင့်ခဲ့ရတဲ့ နယူးဇီလန်နိုင်ငံကရဲများ

//s9.kh1.co/4c/4c866ac8c56bd5eb97bb517b47776a3512330bba.jpg
နေ့စဉ်သတင်းများ

 ၂၇-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

နယူးဇီလန်က အသက် ၄ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ရဲစခန်းကို အရေးပေါ်ဖုန်း ဆက်ခဲ့ပြီး သူ့ဆီကို အရုပ်တွေ လာကြည့်ဖို့ခေါ်ဆိုခဲ့ပါတယ်။ သူခေါ်ဆိုရတဲ့အကြောင်းကလည်း သူ့ရဲ့အရုပ်တွေဟာ မိုက်မမိုက်၊ ကောင်းမကောင်း၊ လှမလှ အတည်ပြုစေချင်လို့ ဖုန်းဆက်ခေါ်ခဲ့တာပါ။ ရဲတွေလည်း သွားရောက်ခဲ့ပြီး သူရဲ့အရုပ်တွေဟာ တကယ်ကို မိုက်ကြောင်း လှကြောင်းစသဖြင့် အတည်ပြုခဲ့ကြပါတယ်။ ဒီအတည်ပြုချက်ကလည်း ကလေးတစ်ယောက်အတွက်တော့ အရေးပေါ်ပါပဲ။

https://s9.kh1.co/__image/w=650,h=367,q=100/9c/9c2d27f77196afec1877cb0d152606920d999827.jpg
https://s9.kh1.co/__image/w=650,h=366,q=100/53/537fabde02de33203fc3dd05b229c8b090d544b7.jpeg

ကလေးတွေအနေနဲ့ သူတို့အရုပ်က မိုက်မှ ကောင်းမှ ကျေနပ်တက်ကြတာပါ။ ရဲတွေကလည်း ကလေးလေးနဲ့ ပြောခဲ့တဲ့ အသံဖိုင်ကို Social Media ပေါ်မှာ ပြန်လည်မျှဝေပေးခဲ့ပြီး ကလေးလေးနဲ့လည်းအတူတူ ဓာတ်ပုံရိုက်ခဲ့ကြပါသေးတယ်။ ဖုန်းစစခေါ်ချင်းမှာ ၄ နှစ်အရွယ် ကလေးလေးဟာ ရဲမေတစ်‌ေယာက်နဲ့ ဖုန်းပြောနေခဲ့တာဖြစ်ပြီး အရုပ်တွေကို လာကြည့်ပေးဖို့ဆိုတာကို တခြားအရာရှိတစ်ဦးက ဖုန်းမှားနေတာဖြစ်နိုင်ကြောင်းနဲ့ သူ့အမေနေမကောင်းလို့ လှမ်းပြီးခေါ်ဆိုနိုင်တာ‌ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/92/9230b28e921ef0eeba853d90627f7fc7d4ae8201.jpeg

အဲ့နောက်ရဲတစ်ယောက်က လိပ်စာတောင်းပြီး ကလေးလေး နေအိမ်ဆိကို လာရောက်ခဲ့ကြပါတယ်။ ကလေးလေးအိမ်ကုိ ရောက်ရှိခဲ့တဲ့ ရဲအရာရှိဟာ Constable Kurt ဖြစ်ပြီး သူရောက်ရောက်ချင်းမှာပဲ ကလေးလေးက သူ့ကို အရုပ်တွေကိုလိုက်ပြသခဲ့ကြောင်း ဌာနကိုပြန်ရောက်တဲ့အချိန်မှာ သတင်းပို့ခဲ့ပါတယ်။ နယူးဇီလန်မှာ အရေးပေါ်ဖုန်းနံပါတ်က 111 ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=868,q=100/82/82ae9d8df40b960856f9fcb6abd2a272a251bb7b.jpg

သတင်း အရင်းအမြစ်Click on Detroit

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T