မြန်မာတပ်မတော်မှ ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများကို ဖယ်ရှားပစ်တော့မည့် Facebook

//s9.kh1.co/f9/f97f552fd58919a3d475b7ef4d6c1b4cb0393849.jpg
နေ့စဉ်သတင်းများ

 ၀၈-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

မြန်မာတပ်မတော်မှ ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများကို ဖယ်ရှားပစ်တော့မည့် Facebook

ယမန်နေ့ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သော Facebook ရဲ့ ကြေညာချက်အသစ်အရ မြန်မာတပ်မတော်နှင့် ပတ်သတ်ဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းများရဲ့ Pages ၊ Groups နှင့် Accounts များကို Facebook မှ တိုးချဲ့ကာ တားမြစ် ဖယ်ရှားတော့မယ်လို့ သိရပါတယ်။ ဒီကြေညာချက်က ဖေဖော်ဝါရီလကတည်းက ထုတ်ပြန်ကြေညာထားတာဖြစ်ပြီး ထပ်မံတိုးချဲ့ကာ တားမြစ်ပိတ်ပင်သွားမည့်အကြောင်းကို ယမန်နေ့ဒီဇင်ဘာလ ၇ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

Meta 
Meta 

သတင်း အရင်းအမြစ်An Update on the Situation in Myanmar(Meta)

မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသော တပ်မတော်ရဲ့ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ရန်ပုံငွေထောက်ပံ့မှုပေးနေသော စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို Facebook မှ တားမြစ်ပိတ်ပင်ခြင်းကို နိုင်ငံတကာအသိုက်အဝန်းရဲ့ ကျယ်ပြန့်လှသော စာရွက်စာတမ်းများအပေါ်အခြေခံပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခု ကြေညာချက်ဟာ အမေရိကန် ၊ အီးယူနှင့် အခြားသော အစိုးရများရက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို မူတည်ပြီး ဖြစ်ပေါ်လာတာလို့ သိရပါတယ်။

Google
Google

မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို အတိအကျသိရှိဖို့က မဖြစ်နိုင်သောကြောင့် ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ အချက်အလတ်ရှာဖွေရေး မစ်ရှင်မှ တပ်မတော်စီးပွာရေးလုပ်ငန်းများကို ကောက်ယူထားတဲ့ စစ်တမ်းကောက်ယူချက်များကို သုံးပြီး ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မှုများနှင့်အညီ တာဆီးပိတ်ဆို့မှုများ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T