ဆယ်ကျော်သက်များကို အနားယူဖို့သတိပေးမယ့် စနစ်အသစ် စတင်ထည့်သွင်းလိုက်တဲ့ Instagram

//s9.kh1.co/55/555e9ad797a621965bd8ef349aefdec7390aeee2.jpg
နေ့စဉ်သတင်းများ

 ၀၈-ဒီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

Instagram ဟာ အင်္ဂါနေ့တုန်းက ဆယ်ကျော်သက်များကို အနားယူရန် စနစ်အသစ် တစ်ခုနဲ့တိုက်တွန်းခဲ့ပါတယ်။ Instagram ဆိုတာကတော့ ကိုယ်ဓာတ်ပုံတွေကို ပြန်လည်မျှဝေတဲ့ ပလပ်ဖောင်းတစ်ခုပဲဖြစ်ပါတယ်။ Facebook ပိုင်ဝန်ဆောင်မှုတွင် လူငယ်အသုံးပြုသူများကို အန္တရာယ်ရှိသော အကြောင်းအရာများမှ ကာကွယ်ရန် ရည်ရွယ်သည့် အခြားကိရိယာများကို ကြေငြာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/0f/0ff237e7ced2fd5f96d2a7229bafe914646de28f.jpg
https://s9.kh1.co/__image/w=650,h=371,q=100/c2/c243696bb0771e5654203c1c6a96235060f53798.jpeg

မကြာ‌ေသးခင်က ကြေညာခဲ့တဲ့ "Take A Break" အင်္ဂါရပ်ဟာ ဆိုရှယ်မီဒီယာပလပ်ဖောင်းပေါ်တွင် ခဏကြာနေပါက ဆယ်ကျော်သက်များအား ဆက်လက်အသုံးမပြုဖို့ သတိပေးကြောင်း Instagram အကြီးအကဲ Adam Mosseri က ဘလော့ဂ်ပို့စ်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။ အမေရိကန်၊ ယူကေ၊ အိုင်ယာလန်၊ ကနေဒါ၊ နယူးဇီလန်နဲ့ ဩစတြေးလျတို့မှာ အင်္ဂါနေ့က စတင်ဖြန့်ချိခဲ့ပြီး နောက်နှစ်အစောပိုင်းမှာ ကမ္ဘာတဝှမ်းကို ရောက်ရှိမယ်လို့ သူက ပြောခဲ့ပါတယ်။ ဆယ်ကျော်သက်တွေအနေနဲ့ကတော့ ယခုလိုလုပ်ဆောင်မှုနဲ့ပတ်သက်ပြီး သိပ်သဘောမကျကြပါဘူး။

https://s9.kh1.co/__image/w=650,h=413,q=100/b1/b17967f4b7ba7f0b79ebfc164366c80853f36def.png
https://s9.kh1.co/__image/w=650,h=366,q=100/b6/b62daf622a53625cea04e3097759a33d15b162ce.jpg

ဆယ်ကျော်သက်အရွယ် အသုံးပြုသူများဟာ အချိန်ကြာမြင့်စွာ သုံးနေတဲ့အခါ ဆက်လက်အသုံးမပြုဖို့ သတိပေးခံရမှာဖြစ်ပြီး Notification လည်းတက်လာမှာဖြစ်ကြောင်း Adam Mosseri တင်ခဲ့တဲ့ Post ထဲမှာ ဖော်ပြထားပါတယ်။ ခုလိုလုပ်ဆောင်ချက်ဟာ Facebook ကို Meta Platforms လို့ အမည်ပြောင်းထားတဲ့ ကြိုးပမ်းအားထုတ်မှုများထဲမှ တစ်ခုဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေကို အချိန်ကြာမြင့်စွာ Social Media ပေါ်မှာ မရှိစေချင်ပဲ တကယ့်အပြင်လောကကြီးမှာလည်း အချိန်တွေ ကုန်ဆုံးစေချင်ပြီး ဘာအန္တရာယ်မှလည်းမဖြစ်စေတာကြောင့် ယခုလိုပြုလုပ်ရခြင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/72/725cb0cefb56dd9d5404420d9b260027a9ef609a.jpeg

သတင်း အရင်းအမြစ်AP News

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T