ဝမ်းရေးအတွက် တံမြက်စည်းရောင်းနေရတဲ့ အသက်(၉၀)အရွယ် အဘွားအိုကို သွားရောက်ကူညီလှူဒါန်းရင်း စိတ်မကောင်းစရာ အဖြစ်လေးကို ပြောပြလာတဲ့ မိုးစက်

//s9.kh1.co/7e/7e053df721622ad0d390c121f7acf961000f1409.jpg
အနုပညာရှင်များ

 ၀၈-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

လူရွှင်တော် မိုးစက်ကတော့ ယခုတလောမှာ ပရိသတ်တွေ လေးစားချစ်ရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ မိုးစက်ဟာ နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပေါ်နေတဲ့ အချိန်ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ မိသားစုတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းပေးပြီး စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

Photo Credit - MoeSat fb account
Photo Credit - MoeSat fb account
Photo Credit - MoeSat fb account
Photo Credit - MoeSat fb account

သူပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း ပရိသတ်တွေ ထပ်တူသာဓုခေါ်နိုင်အောင် အမြဲဖော်ပြလေ့ရှိပါတယ်။ ယခုမှာလည်း လူရွှင်တော် မိုးစက်က (၇)ရက်သားသမီးတွေရဲ့ စုပေါင်းကုသိုလ်တွေနဲ့ အတူ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ထပ်မံပြုလုပ် ပေးခဲ့ပါတယ်။ ဒါကတော့ ဝမ်းရေးအတွက် တံမြက်စည်းရောင်းနေရတဲ့ အသက် (၉၀) အဘွားအိုကြီးအား သနားသောအားဖြင့် အလှူငွေသွားရောက် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit - MoeSat fb account
Photo Credit - MoeSat fb account
Photo Credit - MoeSat fb account
Photo Credit - MoeSat fb account

ဒါ့အပြင် အဘွားအိုကြီး အဖြစ်လေးကိုလည်း စိတ်မကောင်းစွာ ပြောပြထားပြီး အဘွားရဲ့တံမြက်စည်းလေးတွေ အားပေးချင်တယ်ဆိုရင် စံပြစျေးအနီး ၊ လေးထောင့်ကန် (၇)လမ်းထဲ သွားရောက် အားပေးနိုင်ကြောင်းလည်း ဆိုထားပါသေးတယ်။ ကျန်းမာရေး ချို့တဲ့နေတဲ့ သမီးဖြစ်သူကို တံမြက်စည်းရောင်းကာ ဝမ်းစာရှာဖွေကျွေးနေတဲ့ အဘွားအိုကို ယခုလို တစ်ဖက်တစ်လမ်းကနေ ကူညီပေးတာကတော့ တကယ့်ကို မွန်မြတ်လှပါတယ်။

https://s9.kh1.co/__image/w=600,h=1054,q=100/c6/c61feb72c48702cca7403f20342e9283554f8dfd.jpg

သတင်း အရင်းအမြစ်Source - MoeSat fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T