ဒေါ်အောင်ဆန်းစုကြည်ကို အမှုဖွင့်ထားပြီး အမိန့်ချမှတ်ခြင်းအပေါ် သူ့ခံစားချက်လေးကို ပြောပြလာတဲ့ ဇဏ်ခီ

//s9.kh1.co/51/511d2b7e8377be41cce3e42f66df2e786ab13308.jpg
အနုပညာရှင်များ

 ၀၈-ဒီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဘာမှမလိုအပ်တဲ့ အမျိုးသမီးတစ်ယောက်အတွက် ဘာတွေဘယ်လိုဖြစ်ဖြစ် ...

မြန်မာနိုင်ငံရဲ့ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် အပြောင်းအလဲတွေယူဆောင်လာပေးခဲ့တဲ့ မင်းသားချောဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့တိုင်တိုင်ပင်ပင်နဲ့ အနုပညာအလုပ်တွေ တွဲလုပ်နေကြတာပဲဖြစ်ပါတယ်။ ဇဏ်ခီတို့ဇနီးမောင်နှံက လေးစားအားကျစရာ ကိုယ်ပိုင်အရည်အချင်းတွေကို ပိုင်ဆိုင်ထားသလို တစ်ယောက်ကို တစ်ယောက် မပြောင်းလဲ မပျက်ပြယ်တဲ့အချစ်တွေပိုင်ဆိုင်ထားကြပြီး အရမ်းချစ်ကြတဲ့စုံတွဲလေးဖြစ်ပါတယ်။ ဇဏ်ခီတို့ဇနီးမောင်နှံကတော့ ပရိသတ်တွေလေးစားအားကျပြီး စံထားရတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။

Photo Credit : Zenn Kyi's Facebook Acc
Photo Credit : Zenn Kyi's Facebook Acc
Photo Credit : Zenn Kyi's Facebook Acc
Photo Credit : Zenn Kyi's Facebook Acc

ဇဏ်ခီတို့ဇနီးမောင်နှံဟာ တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရာဘက်ကပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်လှုပ်ရှားခဲ့ပါတယ်။နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် စစ်ကောင်ရဲ့ စောင့်ကြည့်ခြင်းခံခဲ့ရတဲ့ ဇာဏ်ခီဟာ လက်ရှိမှာလည်း နွေဦးတော်လှန်ရေးမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်လှုပ်ရှားနေလျက်ရှိပါတယ်။

Photo Credit : Zenn Kyi's Facebook Acc
Photo Credit : Zenn Kyi's Facebook Acc

ဒီတစ်ခေါက်မှာလည်း ဇာဏ်ခီက စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုဖွင့်ထားပြီး ထောင်ဒဏ်ပေးခြင်းအပေါ် “ဘာမှမလိုအပ်တဲ့ အမျိုးသမီးတစ်ယောက်အတွက် ဘာမှမဖြစ်သွားပါဘူး။ အကုန်လိုချင်နေတဲ့သူတွေအတွက်ပဲ ပူလောင်မှုတွေက တဆင့်ပြီးတဆင့် မြင့်တက်လာဖို့ရှိပါတယ်။” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

Photo Credit : Zenn Kyi's Facebook Acc
Photo Credit : Zenn Kyi's Facebook Acc
Photo Credit : Zenn Kyi's Facebook Acc
Photo Credit : Zenn Kyi's Facebook Acc

Source: Zenn Kyi's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T