ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ပိုင်ဆိုရှယ်လ်မီဒီယာအသစ်

//s9.kh1.co/f9/f928e9ede6f8ff8e4ea09ed807f2e2a453ef2cfd.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-ဒီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

အမေရိကန် သမ္မတကြီး ဒေါ်နယ်ထရမ့်မှာ သူ့ရဲ့ကိုယ်ပိုင် ဆိုရှယ်လ်မီဒီယာ အက်ပ်တစ်ခုရှိပါတယ် လွန်ခဲ့တဲ့နှစ်တုန်းက အဲ့ဒီ အက်ပ်အကြောင်းကို ထုတ်ပြောခဲ့တာပါ ထရမ့်အဲ့ဒီ အက်ပ်ကို စလုပ်ဖြစ်ခဲ့တဲ့ အကြောင်းကတော့ ဖေ့စ်ဘွတ်တို့ တွစ်တာတို့ကြောင့် ဖြစ်ပါတယ် ထရမ့်ရှုံးခဲ့တဲ့ ရွေးကောက်ပွဲမှာတုန်းက သူဟာ မဲခိုးတယ်လို့ စွပ်စွဲပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ခဲ့တာတွေဟာ သတင်းအမှားတွေဖြစ်တယ်လို့ ဆုံးဖြတ်ပြီးနောက် ဖေ့စ်ဘွတ်က သူ့ကို နှစ်နှစ်ဘန်းထားပြီး တွစ်တာကတော့ တစ်သက်တာ ဘန်းလိုက်ပါတယ် အဲ့အပြင် ယူကျူ့ကလည်း ဘန်းထားပါသေးတယ် ဘန်းခံရတဲ့ အဓိကအကြောင်းအရင်းကတော့ ရွေးကောက်ပွဲအပြီး မြို့တော်ခန်းမကို ထရမ့်ထောက်ခံသူတွေက ဝင်စီးခဲ့တာကြောင့်ပါ အဲ့ဒါကြောင့် ထရမ့်ဟာ ကြိုက်တဲ့သူ ပြောချင်တာပြောလို့ရမဲ့ အက်ပ်တစ်ခုကို သူဖန်တီးမယ်ဆိုပြီး ပြောခဲ့တာပါ 

Credit
Credit

အဲ့ဒီ့ App ရဲ့ နာမည်ကတော့ TRUTH Social လို့ အမည်ရပြီး Trump Media and Technology Group(TMTG) က ထုတ်လုပ်ပေးထားတာပါ အခုလောလောဆယ် IOS ရဲ့ App Store ပေါ်မှာ နိုဝင်ဘာလက အကန့်အသတ်နဲ့ စဖြန့်ထားပြီး ၂၀၂၂ ကျမှ အပြီးသတ် ဖြန့်မှာ ဖြစ်ပါတယ် ဒါပေမဲ့ အောက်တိုဘာ ၂၀ ရက်‌နေ့က App ကို ထုတ်တော့မယ်လို့ ကြေညာပြီး ခဏလောက်နေတော့ Anonymous အဖွဲ့ကလို့ပြောတဲ့ ဟက်ကာတစ်ယောက်ဂာ TMTG ကုမ္ပဏီရဲ့ ဒိုမိန်းဆိုက်တွေကို ရှာဖွေခဲ့ပြီးနောက်ဆုံး လူတိုင်းဝင်ရှာနိုင်တဲ့ ဝက်ဆိုဒ်ရဲ့ မိုဘိုင်းဘီတာတွေကို ရှာတွေ့ခဲ့ပါတယ် အဲ့နောက်တော့ အသုံးပြုသူတွေ Sign Up လုပ်လို့ရတဲ့ Link ဟာ ပေါက်ကြားသွားခဲ့တာကြောင့် လူတွေဟာ ဝက်ဆိုဒ်ထဲမှာ အကောင့်အတုတွေဖွင့်ပြီး ဟာသစာတွေ ရယ်စရာအကြောင်းတွေကို တောက်လျှောက် တင်ကြပါတော့တယ် အသုံးပြုသူဟာ ထရမ့်ရဲ့ နာမည်တို့ကို username တွေအဖြစ်အသုံးပြုလို့ရပြီး သိပ်မကြာခင်မှာတော့ အဲ့ဒီ Link တွေဟာ သေသွားခဲ့ပါတယ် 

Anonymous
Anonymous

မကြာသေးခင်ကလည်း ဒီအက်ပ်ရဲ့ အဖွဲ့ဝင်တွေဟာ ရင်းနှီးမြုပ်နှံသူတွေဆီကနေ ဒေါ်လာ ၁ ဘီလီယံအထိ ရရှိစေဖို့ သဘောတူညီချက်တွေကို လုပ်ဆောင်ပြီးပြီလို့ ကြေညာခဲ့ပါတယ် အခုအချိန်မှာ အဲ့ဒီရင်းနှီးမြှပ်နှံသူတွေဟာ ဘယ်သူတွေလဲဆိုတာကို စုံစမ်းနေကြပါတယ် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Devin Nunes ဟာဆိုရင် ထရမ့်ရဲ့ ဆိုရှယ်လ်မီဒီယာမှာ CEO လုပ်ဖို့အတွက် လွှတ်တော်က‌နေ နှုတ်ထွက်လိုက်ပါတယ် 

Devin Nunes
Devin Nunes

ဖေ့စ်ဘွတ် တွစ်တာ အသုံးပြုသူတွေဟာ ခဏခဏ ဘန်းခံနေရတာကို သတိထားမိကြမှာပါ ဖေ့စ်ဘွတ်ဆိုရင် ပိုဆိုးပါတယ် မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်လည်း တားမြစ်ထားတဲ့ စကားလုံးတွေက အရမ်းများလွန်းတာကြောင့် တချက်‌ပြောမိတာနဲ့ ချက်ချင်းဘန်းခံရမှာပါ TRUTH Social မှာတော့ ကိုယ်ပြောချင်တာကို ပြောခွင့်ရှိတယ်လို့ ထရမ့်က အာမခံထားပါတယ် သူဟာ အမေရိကန်တွေအတွက် နိုင်ငံရေးနဲ့ ပတ်သက်ပြီး‌ဖြစ်စေ ပြောချင်တာ ပြောခွင့်ရအောင် စီစဉ်ပေးမယ်လို့ ပြောထားတာကြောင့် အမေရိကန် အပြင်ဖက်မှာ သုံးလို့ရမရကတော့ မသေချာပါဘူး နိုင်ငံရေးနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ်‌ ပြောခွင့်ဆိုခွင့်ရှိတယ်ဆိုတာကို အာမခံထားပေမဲ့ App ထွက်လာရင်လည်း ဟာသလုပ်မဲ့ လူကများနေတာမလို့ အဆင်ပြေမလား တလွဲတွေဖြစ်ဦးမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်

TRUTH Social
TRUTH Social
Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T