ခုနှစ်ရက် သားသမီးများရဲ့ စုပေါင်းလှူဒါန်းမှုဖြင့် ကြည်နူးဝမ်းမြောက်စေမယ့် ခြေတုအလှူလေးကို ပြုလုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/22/221f701cac8dda6c991b485928562ff786c1cfd3.jpg
အနုပညာရှင်များ

 ၀၈-ဒီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ ကိုယ်အကျိုးကိုငဲ့ပြီး နေ့စဥ်ဆက်တိုက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ  လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ သူမဟာ မိဘမဲ့ဂေဟာကိုလည်း ကိုယ်တိုင် ဦးစီးပြီး ဖွင့်လှစ်ထားတဲ့အပြင်  စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်စရာလေးတွေ ပေးဝေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးကုသဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေအတွက် လိုအပ်တဲ့ ငွေကြေးထောက်ပံ့လှူဒါန်းပေးတာတွေလည်း ရှိပါတယ်။

Photo Credit - Khine Hnin Wai fb account
Photo Credit - Khine Hnin Wai fb account
Photo Credit - Khine Hnin Wai fb account
Photo Credit - Khine Hnin Wai fb account

သူမပြုလုပ်လှူဒါန်းပေးခဲ့တဲ့ အလှူတွေကလည်း ပရိသတ်တွေကို အမြဲတမ်း ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်။ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို လက်လှမ်းမီသလောက် ကူညီပေးနေတဲ့ ပရဟိတမင်းသမီးခိုင်နှင်းဝေကတော့ ယခုမှာလည်း နောက်ထပ်မြင်ရသူတိုင်း ကြည်နူးဝမ်းမြောက်စေမယ့် အလှူလေးကို ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

Photo Credit - Khine Hnin Wai fb account
Photo Credit - Khine Hnin Wai fb account
Photo Credit - Khine Hnin Wai fb account
Photo Credit - Khine Hnin Wai fb account

ဒါကတော့ ခြေထောက်ဆုံးရှုံးထားရတဲ့သူတွေအတွက် (၇) ရက် သားသမီးများရဲ့ စုပေါင်းအလှူလေးတွေဖြင့် ခြေတုတပ်ဆင် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပုံလေးတွေကတော့ ခြေတု အချောရသွားသူများ နှင့် ပြုလုပ်ဆဲ လူနာများ ပုံလေးတွေကို ထပ်တူ သာဓုခေါ်ဆိုနိုင်အောင် ဝေမျှပေးတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ခြေထောက်ဆုံးရှုံးထားရတဲ့ သူတွေအတွက် ခြေတု လှူဒါန်းပေးထားတဲ့ ခိုင်နှင်းဝေကို ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါဦး။

Photo Credit - Khine Hnin Wai fb account
Photo Credit - Khine Hnin Wai fb account
Photo Credit - Khine Hnin Wai fb account
Photo Credit - Khine Hnin Wai fb account

သတင်း အရင်းအမြစ်Source - Khine Hnin Wai fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T