မင်္ဂလာ နှစ်ပတ်လည် (၃၆)နှစ်ပြည့်နေ့လေးမှာ သားဖြစ်သူအီတိုးမရှိတာကြောင့် မပျော်ရွှင်ကြောင်းပြောလာတဲ့ ဇော်ဝင်းထွဋ်ရဲ့ဇနီး

//s9.kh1.co/ba/ba1923514f68f527c24a9afadb0c13f26a649196.jpg
အနုပညာရှင်များ

 ၀၈-ဒီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

သားကလေယာဉ်ပျံကြီးကိုသံတိုင်ကြားကငေးမောရင်း ......

နိုင်ငံကျော် အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ Rock သီချင်းတွေရဲ့ ဘုရင်လို့တင်စားရလောက်အောင်ကို လူကြီးရောလူငယ်ပါ မသိတဲ့သူ မရှိသလောက်ပါပဲ။ အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုလိုက်တိုင်းမှာ ပရိသတ်တွေကို တစ်ခဲနက်အားပေးကြတာဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၇) ရက်နေ့ကတော့ ဇော်ဝင်းထွဋ်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာ နှစ်ပတ်လည် (၃၆)နှစ်ပြည့်နေ့လေးပဲ ဖြစ်ပါတယ်။

Photo Credit : May Khine Ohn's Facebook Acc
Photo Credit : May Khine Ohn's Facebook Acc

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာ ဇော်ဝင်းထွဋ်သားဖြစ်သူ အီတိုးကိုအကြမ်းဖက်မှုများတွင်ပါဝင်ခဲ့သည်ဟုဆိုကာ စစ်ကောင်စီက စက်တင်ဘာလ (၈)ရက်နေ့က မိသားစုများနေထိုင်သည့် မရမ်းကုန်းမြို့နယ်က (၈)မိုင်ရှိ ခြံဝင်းထဲမှာ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ အခုချိန်ထိကို ဘာသတင်းမှ မကြားရသေးတာမို့ မိသားစုတွေက စိတ်ပူနေကြတာ ဖြစ်ပါတယ်။

Photo Credit : May Khine Ohn's Facebook Acc
Photo Credit : May Khine Ohn's Facebook Acc
Photo Credit : May Khine Ohn's Facebook Acc
Photo Credit : May Khine Ohn's Facebook Acc

ဇော်ဝင်းထွဋ်ရဲ့ ဇနီးဖြစ်သူကလည်း မင်္ဂလာ နှစ်ပတ်လည်နေ့မှာတောင် မပျော်ရွှင်နိုင်ဘဲ သားဖြစ်သူအတွက် စိိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ အရင်နှစ်တွေကလို သားဖြစ်သူနဲ့ အတူမရှိနိုင်တော့တဲ့ အကြောင်းကို “သားကလေယာဉ်ပျံကြီးကိုသံတိုင်ကြားကငေးမောရင်း

ငှက်ကလေးတွေရဲ့လွတ်လပ်စွာပျံသန်းခြင်းကို အားကျနေရတဲ့အချိန်မှာ ဒီအမေအတွက်ပျော်ရွှင်ခြင်းတွေဝေးတဲ့၃၆နှစ်မြောက်နှစ်ပါတ်လည်ပေါ့” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ သားကို လွမ်းဆွတ်နေကြောင်း ခံစားချက်လေးတွေကိုရေးသားထားပါတယ်။

Photo Credit : May Khine Ohn's Facebook Acc
Photo Credit : May Khine Ohn's Facebook Acc

Source: May Khine Ohn's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T