ဒရမ်မာ အသစ်ထဲမှာ ပြောင်ကြီးအဖြစ် မြင်တွေ့ရမယ့် တောင်ကိုရီးယားမင်းသား Lee Seo Jin

//s9.kh1.co/3d/3d7053ba9f7c90847c4d7ca9376a894ebf66ca14.jpg
အနုပညာရှင်များ

 ၀၇-ဒီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

ဒရမ်မာ အသစ်ထဲမှာ ပြောင်ကြီးအဖြစ် မြင်တွေ့ရမယ့် တောင်ကိုရီးယားမင်းသား Lee Seo Jin

တောင်ကိုရီးယားမင်းသား Lee Seo Jin ကို ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် ဟာသ ဒရမ်မာ အသစ် Internal Medicine Director Park ထဲမှာ တွေ့နေကြပုံစံမဟုတ်တဲ့ ဇာတ်ဆောင်နေရာက မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွဲ ပိုစတာ စတင်ထွက်ရှိလာတုန်းကဆိုရင် ပရိသတ်တွေက ဒါ Lee Seo Jin မှ ဟုတ်ရဲ့လားဆိုပြီး အံ့သြသွားတဲ့သူတွေတောင်ရှိပါတယ်။

Google
Google

Medicine Director Park ဇာတ်လမ်းတွဲဟာ webtoon ဇာတ်လမ်းကို အခြေတည်ရိုက်ကူးထားတဲ့ဒရမ်မာဖြစ်ပါတယ်။ ရယ်စရာကောင်းသလို ဝမ်းနည်းဖို့လည်းကောင်းတဲ့ ဆရာဝန်တစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ပေါကားမဟုတ်တဲ့ လက်တွေ့ဆန်တဲ့ ဟာသအရသာကို ခံစားတွေ့ရှိရမှာဖြစ်ပါတယ်။

Google
Google

Lee Seo Jin ဟာ ရယ်စရာ ဟာသတွေ ခဏခဏလုပ်တတ်တဲ့ ဇာတ်ဆောင် ပြောင်ကြီး  ဒါရိုက်တာ ပတ်နေရာကနေ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါရိုက်တာပတ်ဟာ ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ အိမ်မက်မက်ထားတဲ့သူဖြစ်သော်လည်း လက်တွေ့မှာ လူနာမရှိသလောက်ဖြစ်နေသည့် ဆေးခန်းနှင့် စီးပွားရေးအခြေအနေကြားမှာ ပြဿနာတတ်နေသည့် ဇာတ်ကောင်ဖြစ်ပါတယ်။  အလုပ်အရမ်းကြိုးစားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်သောကြောင့် ဖိအားတွေများပြီး ဆံပင်မွှေးတွေ ကျွတ်ကုန်တဲ့အထိ ဖြစ်သွားတဲ့ ဒါရိုက်တာပတ်ပါ။ ဒါကြောင့်  မင်းသား Lee Seo Jin တစ်ယောက် အခုလို ပြောင်ကြီး ဖြစ်သွားတာပါ။ မင်းသား Lee Seo Jin အနေနဲ့လည်း အခုလို ဟာသကားမျိုးကို ပထမဦးဆုံး ရိုက်ဖူးတာဖြစ်တယ်လို့ သိရပါတယ်။

Google
Google

Medicine Director Park ဟာ ဇာတ်လမ်းဇာတ်အိမ်နှင့် ဇာတ်ဆောင်နေရာကို ဦးစားပေးရိုက်ကူးထားတဲ့ ဟာသ ဒရမ်မာလေးဖြစ်တာကြောင့် အချစ်အမုန်းဇာတ်လမ်းတွေကို ရိုးအီနေတဲ့သူတွေ စိတ်အပန်းဖြေနိုင်မယ့် ကားကောင်းလေးတစ်ကား ဖြစ်လာမယ်ဆိုတာတော့ အသေအချာပဲဖြစ်ပါတယ်။ မင်းသား Lee Seo Jin ကို ပုံစံအသစ်နဲ့မြင်ချင်တဲ့သူတွေလည်း သေချာပေါက်ကြည့်သင့်ပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T