သမ္မတကြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အမိန့်ချရက်တဲ့ တရားသူကြီးတွေကို ထိထိမိမိပြောလိုက်တဲ့ ချမ်းချမ်း

//s9.kh1.co/8c/8c9d336b58e750b9d6bf4e0973c40d5659e83d65.jpeg
အနုပညာရှင်များ

 ၀၇-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

ငါတို့ ခေါင်းဆောင် ငါတို့ သမ္မတ အမှန်တရားဘက်တော်သား ဘယ် အမိန့်ကြောင့်မှ ...

အဆိုတော် ချမ်းချမ်းကတော့ ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားပြီး သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တာ ဖြစ်ပါတယ် ။ ချမ်းချမ်းရဲ့အသံလေးက နားဝင်ချိုပြီး နားထောင်လို့ကောင်းတာကြောင့် ပရိသတ်တွေကသဘောကျနှစ်ခြိုက်ကြတာ ဖြစ်ပါတယ် ။ ချမ်းချမ်းသီဆိုခဲ့တဲ့ တေးသီချင်းတွေ တော်တော်များများကလည်းပရိသတ်တွေကြားမှာ အရမ်းရေပန်းစားပြီး အောင်မြင်နေလေ့ရှိတာပဲ ဖြစ်ပါတယ် ။

Photo Credit: Chan Chan’s FB Acc
Photo Credit: Chan Chan’s FB Acc
Photo Credit: Chan Chan’s FB Acc
Photo Credit: Chan Chan’s FB Acc

ချမ်းချမ်းဟာ လက်ရှိမှာဆိုရင် ခင်ပွန်းသည်ရှိရာ အီတလီမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ်။ အီတလီမှာနေထိုင်နေပေမယ့် ချမ်းချမ်းက အခုလက်ရှိ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်လို့  တတ်နိုင်တဲ့ဘက်ကနေတစ်တပ်တစ်အားပါ၀င်ကူညီနေတာဖြစ်ပါတယ်။ မနေ့က နိုင်ငံတော် သမ္မတဦးဝင်းမြင့် နဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တရားကို မျက်ကွယ်ပြုထားပြီးအမိန့်ချတဲ့ တရားသူကြီးနဲ့ အပေါင်းအပါတွေကို ပြည်သူတွေဆိုတဲ့ သစ္စာစူးပါစေဆိုပြီး ထိထိမိမိပြေားထားတာပဲ ဖြစ်ပါတယ်။ 

Photo Credit: Chan Chan’s FB Acc
Photo Credit: Chan Chan’s FB Acc
Photo Credit: Chan Chan’s FB Acc
Photo Credit: Chan Chan’s FB Acc

" တစ်ဘဝလုံး မလုံခြုံမှုနဲ့ အရှက်ရစရာက ကျမတို့ ခေါင်းဆောင်နဲ့ သမ္မတကြီးမဟုတ်ဘူး????

အမှန်တရားကို ရှေ့ဆောင်လမ်းပြရမယ််အစား အရှက်တရား အဓမ္မဘက်တော်သား။ သင့်မိသားစုဝင်တွေကိုဘယ်လိုဆက်ပြီး လမ်းပြမှာလဲ သင်ကိုယ်တိုင် အမှန်တရားကို မျက်ကွယ်ပြုထားတာ

ရက်စက် ကြမ်းကြုတ်သော အာဏာရူးသွေးတက်နေသော ဖြုတ်ဦးနှောက်ကိုမှ သခင် အမည်ပြုသောသူအပေါင်း 

စစ်အာဏာရှင် အပေါင်း အတွက်..ဤသစ္စာစူးစေသား

?

အမိန့်ချရက်တဲ့ တရားသူကြီးနှင့်တကွ အပေါင်းအပါအားလုံးအတွက်။  

ပြည်သူများက သစ္စာဆိုသည်......

သင့်ကို သင့်အစား သင့်မိသားစု ဆွေစဉ်မျိုးဆက် အဆက်ဆက်ပေါင်းများစွာတိုင်အောင်ပြည်သူတွေက သစ္စာဆိုတယ်

ဘယ်ဘဝရောက်ရောက် မလုံခြုံခြင်း

ပူဆွေးသောကရောက်ရခြင်း

ဆောက်တည်ရာမရဖြစ်ခြင်း

အခြားခြားသော သောကပေါင်း  

သောင်းခြောက်ထောင်ကြောင့်စိတ်ခြောက်ခြားခြင်း အမှူတို့သင့်အပေါ် သင့်မိသားစု ဆွေစဉ်မျိုးဆက် အပေါ် ကျရောက်စေသား

ငါတို့ ခေါင်းဆောင် ငါတို့ သမ္မတ အမှန်တရားဘက်တော်သား ဘယ် အမိန့်ကြောင့်မှ သိက္ခာမကျ ကျက်သရေရှိမြဲ" ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit: Chan Chan’s FB Acc
Photo Credit: Chan Chan’s FB Acc

Source : Chan Chan’s FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T