လေ့လာတွေ့ရှိချက်များအရ ခွေးများဟာ ပိုင်ရှင်များ လိမ်ညာနေသည်ကို သိရှိနိုင်

//s9.kh1.co/53/5367c82b02eaae487eb4663828aedeb9126f7e02.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ခွေးတွေဟာ လူတွေ လိမ်ညာတဲ့အခါသိရှိနိုင်ပြီး အမှန်တရားကိုလည်း အနံခံနိုင်တယ် လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဂျပန်နိုင်ငံရှိ သုတေသီများဟာ ခွေးများဘယ်လောက်တောင် လိမ္မာပါးနပ်တယ်ဆိုတာ စူးစမ်းလေ့လာခဲ့ကြပြီး ရှာဖွေတွေ့ရှိထားတဲ့ အချက်အလက်များအရ ခွေးတွေက လူတစ်ယောက်ကို ယုံကြည့်သင့် မယုံကြည်သင့်ဆိုတာ မ‌ှတ်မိနိုင်ကြောင်း သိရှိရပါတယ်။ Animal Cognition ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ ထိတ်လန့်စရာကောင်းတဲ့ တွေ့ရှိချက်တွေအရ လူတွေကို ရှာဖွေရာမှာ အတော်လေး မြန်ဆန်တယ်လို့ ဆိုကြပါတယ်။

https://s9.kh1.co/__image/w=650,h=520,q=100/fe/fe70955a30fa27c664f3f70f2200c73eecc05232.webp
https://s9.kh1.co/__image/w=600,h=455,q=100/b5/b50bad13c7b10f021079391f252b72b84ca4bb17.jpeg

ကျိုတိုတက္ကသိုလ်မှ လေ့လာမှုအား ဦးဆောင်သူ Akiko Takaoka က ဘီဘီစီကို ပြောကြားရာတွင် "ခွေးတွေဟာ ကျွန်တော်တို့ထင်ထားတာထက် ပိုပြီး ဆန်းပြားတဲ့ လူမှု‌ေရးအသိဥာဏ်တွေ ရှိပါတယ်။ ဒီလူမှုရေးအသိဥာဏ်ဟာ လူသားများနှင့်အတူ သူတို့ရဲ့ ရှည်လျားသောသမိုင်းကြောင်းတွင် ဆင့်ကဲ ပြောင်းလဲလာခဲ့ကြတာပါ။" လို့‌ေြပာခဲ့ပါတယ်။ သုတေသနအဖွဲ့ဟာ ယုံကြည်စိတ်ချရသော အိမ်မွေးတိရစ္ဆာန်များစွာကို စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် အံ့အားသင့်ဖွယ် ရလဒ်တွေနဲ့ပဲ နိဂုံးချုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=467,q=100/4f/4f1fd2c7321ca9bdbfa40cf0cf42874a433f0d2b.jpg
https://s9.kh1.co/__image/w=480,h=720,q=100/77/7709d459ce2fe381fe25452f353e861428fe6b3c.jpg

လူတစ်ဦးဟာ တစ်စုံတစ်ခုကို ညွှန်ပြပါက ခွေးဟာ ပုံမှန်အားဖြင့် ပြေးသွားမှာဖြစ်ပြီး သူတို့ဘယ်ကိုဦးတည်နေလဲဆိုတာ အနံခံမှာဖြစ်ပါတယ်။ ထိုယူဆချက်ကို စမ်းသပ်ကြည့်ရာ သုတေသီတစ်ဦးဟာ ရွှံ့တစ်ခုစီနဲ့ အစားအပြည့်ထည့်ထားတဲ့ ကွန်တိန်နာတစ်ခုကို ညွှန်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယစမ်းသပ်မှုတွင် ကွန်တိန်နာကို ဗလာအတိုင်း ထားခဲ့ပါတယ်။ တတိယအကြိမ်မှာတော့ ကွန်တိန်နာကို ညွှန်ပြပေမယ့်လည်း ခွေးအများစုဟာ ကွန်တိန်နာဆိ ညွှန်ပြသည်ကို လုံးဝလျစ်လျူရှုခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=400,q=100/5d/5df50773a83b5df3ab5ab5880145f4985d888d8e.jpg
https://s9.kh1.co/__image/w=620,h=400,q=100/46/46357d214a7918476f5df0d471497868a64f5b1c.jpeg

သတင်း အရင်းအမြစ်The Sun

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T