ရဲဘော်တွေအတွက် အင်္ကျီအသစ်လေးတွေပို့ပေးလို့ ကျေးဇူးတင်စကားဆိုလာတဲ့ ဒါရိုက်တာသည်ခေတ်နေ

//s9.kh1.co/12/12062e130afcd8386dadc24028d2afcd87714b39.jpg
အနုပညာရှင်များ

 ၀၇-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ပြည်သူကပြည်သူကိုချစ်တဲ့ ချစ်ခြင်းမေတ္တာဖြင့် ....

အနုပညာလောကမှာ ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ သည်ခေတ်နေက ဖေဖော်ဝါရီလ အစထဲက နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူ တစ်သားထဲရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ (၅၀၅) က နဲ့ အမှုဖွင့်ခံထားရပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc

ဒါရိုက်တာသည်ခေတ်က ချီးကျူးစရာကောင်းလောက်အောင် ကျရာတာဝန်ကိုထမ်းကာ စစ်အာဏာရှင်ကို တွန်းလှန်နေဆဲပဲ ဖြစ်ပါတယ်။ အာဏာထိန်းသိမ်းခံရတာ (၁၀) ကျော်ပြီဆိုပေမယ့် အခုချိန်ထိကို သွေးမအေးဘဲ ဆက်လက်တော်လှန်နေသလို ပြည်သူလူထုကလည်း တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့ကူညီနေတာလည်းဖြစ်ပါတယ်။

Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc

အခုတစ်ခါမှာလည်း ဆောင်းတွင်းရောက်လာပြီမို့ တောတွင်းရောက်ရဲဘော်တွေအတွက် ပြည်သူလူထုက အင်္ကျီအသစ်လေးတွေ လှူတန်းပေးခဲ့တာ ဖြစ်ပါတယ်။ လှူတန်းပေးတဲ့အလှူရှင်တွေကို ဒါရိုက်တာ သည်ခေတ်နေက ကျေးဇူးတင်ကြောင်း "ပြည်သူကပြည်သူကိုချစ်တဲ့ ချစ်ခြင်းမေတ္တာဖြင့်

နွေးထွေးကြပါစေ…

ကိုယ်တွေရဲဘော်တွေ အတွက်

အင်္ကျီတွေ ပို့ပေးတဲ့ အစ်မကို

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား။" ဆိုပြီးသူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc

Source- The Khit Nay's Fb Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T