တစ်လလောက်ရေမချိုးတော့ရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ

//s9.kh1.co/c7/c790bbde7bf26ed5ea1eebba21947534a6aad2c4.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-ဒီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၂ နှစ် က

.

လူသားတိုင်းဟာ အပြင်ထွက်ချိန် အပြင်ကပြန်ရောက်ချိန် ဒါမှမဟုတ် ဘာမှမလုပ်ပဲနေရင်တောင် ‌တစ်ရက်ကို တစ်ခါတော့ ရေချိုးကြပါတယ် ရေချိုးခြင်းဟာ လန်းဆန်း တက်ကြွစေပြီး ခန္ဓာကိုယ်ကိုပါ သန့်ရှင်းစေပါတယ် လေ့လာချက်တွေအရ လူတစ်ယောက်ဟာ တစ်သက်လုံး ရေချိုးခန်းထဲမှာ တစ်နှစ်လောက် အချိန်ကုန်ရပါတယ်တဲ့ ဒါဆို အဲ့လောက်အချိန်ကုန်မခံချင်ဘူး အချိန်မရဘူးဆိုတဲ့လူတွေ ရေမချိုးပဲ နေရင်ရော ရမလား

ဟောလိဝုဒ်က မင်းသားတွေဖြစ်တဲ့ Johnny Depp,Robert Pattinson နဲ့ Brad Pitt တို့ဟာဆိုရင် တော်ရုံတန်ရုံ ရေမချိုးကြသူတွေလို့ သိရပါတယ် သူတို့နဲ့ အလုပ်အတူတွဲလုပ်ဖူးကြသူတွေနဲ့ အသိမိတ်ဆွေတွေ ပြောစကားအရ တ‌ခါတလေ Johnny Depp ရဲ့ အနံ့ဟာဆိုးရွားလွန်းလို့ အလုပ်လုပ်တာတောင် တော်တော်ခက်ခဲရတယ်လို့ ပြောကြဖူးပါတယ် Robert Pattinson လည်းအတူတူပါပဲ Brad Pitt ကတော့ သူ့ကလေးတွေက သူ့ပေါ်တချိန်လုံး သေးပေါက်ချနေလို့ ရေချိုးချိန် မရှိတာပါတဲ့ 

https://s9.kh1.co/__image/w=650,h=264,q=100/8d/8d5a4e1fe0337bd8f5c943f54859ea89636f2cc0.jpg

ရေချိုးတဲ့အခါ ရေနဲ့အတူ အညစ်အကြေးတွေတင်သာမကပဲ သဘာဝအဆီတွေနဲ့ အရေပြားကို ရေဓာတ်ဖြည့်ပေးတဲ့ အဆီတစ်မျိုးတို့ပါ ပါသွားပါတယ် ဒါကြောင့်မလို့ ရေတစ်ခါချိုးလိုက်တိုင်း ဒီလို အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဘက်တီးရီးယားတွေကို ခန္ဓာကိုယ်က တစ်ခါပြန်ထုတ်နေရပါတယ်

Photo Credit
Photo Credit

ဒါဆို ရေမချိုးပဲနဲ့ ခန္ဓာကိုယ်ကို သန့်စင်အောင်လုပ်လို့ရတဲ့ နည်းတွေ ရှိသလားဆို ရှိပါတယ် ရေချိုးတဲ့အခါ ဆပ်ပြာမတိုက်ပဲ ချိုးတာဖြစ်ဖြစ် ရေဆိုရေနဲ့ပဲ ထိလိုက်ပြီး ချိုးတာဖြစ်ဖြစ် လုပ်လို့ရပါတယ် ဒီလိုအဆင့်ကျော်ပြီး ချိုးတာကိုမှ အားမရသေးရင်တော့ လုံးဝမချိုးတော့ပဲ ရေမွှေးတွေ Body Spray တွေကိုသာ အသုံးပြုလိုက်ပါ

Photo Credit
Photo Credit

ရေမချိုးဖို့ ဆုံးဖြတ်လိုက်ပြီဆို သုံးရက်အတွင်းမှာ စသိသာလာတာက ဆံပင်က အခဲလိုက်ကြီးဖြစ်လာပြီး ၁၀ ရက်လောက်ဆို ဘီးပါမလိုတော့ပါဘူး ဆံပင်ကမာတောင့်ပြီး ခဲနေလွန်းလို့ ဘီးဖြီးလို့လည်း မရတော့လို့ပါ အဲ့အပြင် ဗောက်ပြဿနာကလည်း ဆိုးဆိုးရွားရွား ဖြစ်လာပါပြီ ရက် ၂၀ ကျော်သွားရင်တော့ ဘယ်သူကမှ အနားကပ်နိုင်တော့မှာ မဟုတ်ပါဘူး ခြောက်ကပ်နေတဲ့ အသား‌အရည်ကို ကုပ်ရင်းကုပ်ရင်းနဲ့ပဲ အချိန်ကုန်နေရပါလိမ့်မယ်

Photo Credit
Photo Credit

ဒါပေမဲ့ တစ်လပြည့်ချိန်ကျရင်တော့ အသားအရည်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားအလွှာကို ပြန်ရမှာဖြစ်ပြီး အသားအရည်က အရင်ရေချိုးတုန်းကထက် ပိုကောင်းသွားပါလိမ့်မယ် ဒါပေမဲ့ တန်လားဆိုရင်တော့ မတန်ပါဘူး ဘာလို့လဲဆို အနံ့ပြဿနာက ဆိုးဆိုးရွားရွားကို ကျန်နေဦးမှာမလို့ပါ ‌ခန္ဓာကိုယ်က ထွက်လာတဲ့ ချွေးတွေကို စားသောက်တဲ့ ဘက်တီးရီးယားတွေက ရှိသေးတာကြောင့် မှန်းဆလို့တောင်မရတဲ့ ဆိုးဆိုးရွားရွား အနံ့တွေကို ရင်ဆိုင်ရမှာပါ

ဒါကြောင့်မလို့ ရေချိုးတာကို မရပ်တန့်လိုက်ပါနဲ့ ဘယ်လိုအကြောင်းပြချက်တွေပဲရှိရှိ ဆပ်ပြာသေချာသုံးပြီး ရေပုံမှန်ချိုးတာကသာ ကိုယ်တိုင်အတွက်ရော ကျန်းမာရေးအတွက်ရော အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T