ကမ္ဘာ့သမိုင်းထဲက အဆိုးရွားဆုံး အပြစ်ပေးနည်းများ

//s9.kh1.co/cb/cb1cdaede17ea7ecc23b492786987f3ef1930f1f.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

လူတွေအားလုံးဟာ အမှားနဲ့မကင်းကြပါဘူး အမှားလုပ်မိပြီဆိုရင်လည်း အနည်းနဲ့အများ အပြစ်ပေးခံကြရပါတယ် ဒီလိုအပြစ်ပေးတဲ့နေရာမှာလည်း တော်ရုံတန်ရုံ အပြစ်ပေးကြတာမျိုးရှိသလို အပြစ်အကြီးကြီးပေးတာလည်း ရှိတတ်ပါတယ် အဆိုးဆုံး အပြစ်ပေးနည်းက ဘယ်နည်းဖြစ်မလဲဆိုတာ စဉ်းစားကြည့်ကြပါ အခုခေတ် ကလေးတွေ ကျောင်းသားတွေအတွက်ဆိုရင်တော့ သူတို့ဖုန်းအသိမ်းခံရတာက အဆိုးဆုံး ပြစ်ဒဏ်ဖြစ်ပါလိမ့်မယ် ဒါပေမဲ့ ရှေးခေတ်တွေတုန်းက လူတွေ အပြစ်ပေးခံရတဲ့အခါ ဘယ်လိုခံရကြသလဲ စဉ်းစားကြည့်ဖူးကြပါလား ခုဆက်ပြီး ဖတ်ရှူရမှာကတော့ ကမ္ဘာ့သမိုင်းထဲမှာ အဆိုးရွားဆုံး အပြစ်ပေးနည်း တချို့ဖြစ်ပါတယ် 

Photo Credit
Photo Credit

ပထမဆုံးကတော့ ကြေးနဲ့လုပ်ထားတဲ့ ကျွဲရုပ်နဲ့ အပြစ်ပေးနည်းပါ ဂရိတွေအသုံးပြုတဲ့နည်းဖြစ်ပြီး ဂရိသမိုင်းဆရာ Diodorue Siculus ရေးခဲ့တဲ့ စာအုပ်တွေထဲမှာ ပါဝင်ပါတယ် တကယ့်ကျွဲတစ်ကောင် အရွယ်အစားလောက် ‌သွန်းထားတဲ့ အရုပ်ကြီးရဲ့ ကိုယ်ပေါ်မှာ တံခါးပေါက်တစ်ခုပါပါတယ် သေဒဏ်ပေးခံရသူဟာ ကျွဲရုပ်ကြီးရဲ့ ခန္ဓာကိုယ်ထဲကိုဝင်ပြီးရင် တံခါးကိုပိတ်‌လိုက်ပြီး အောက်ကနေ မီးမြှိုက်ပါတယ် ကျွဲရုပ်ထဲကလူဟာ ချက်ချင်းမသေပဲ ပူလွန်းလို့ ဆောက်တည်ရာမရဖြစ်ပြီးမှ သေပါတယ် အထဲကလူရဲ့ အော်ဟစ်သံကို ကြားရအောင် ကျွဲရုပ်ကို သေချာပြုလုပ်ထားတယ်လို့တောင် သိရပါတယ်

Photo Credit
Photo Credit

Iron Maiden လို့ခေါ်တဲ့ ပစ္စည်းကတော့ ဂျာမန်တွေ စတီထွင်ခဲ့တာဖြစ်ပါတယ် သမိုင်းအဆက်ဆက် စာအုပ်တွေထဲမှာလည်း ပါဝင်ခဲ့တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ် အပြင်ပန်းကြည့်လိုက်ရင် မံမီရုပ်နဲ့တူပြီး အတွင်းမှာရော အဖုံးမှာပါ သံဆူးချွန်တွေနဲ့ ပြည့်နေတာပါ အပြစ်ပေးခံရသူဟာ အထဲကိုဝင်ပြီးရင် အပြင်ကနေ တံခါးကို ပိတ်ပစ်လိုက်ခြင်းဖြင့် တကိုယ်လုံးကို သံဆူးချွန်တွေနဲ့ ဝိုင်းထိုးသလို ဖြစ်သွားပါတယ် တခါတလေမှ သုံးတဲ့နည်းလို့ သိရပြီး ၁၈ နဲ့ ၁၉ ရာစုနှစ်က သမိုင်းအထောက်အထားတွေမှာတော့ တော်တော်များများ တွေ့ရပါတယ်

Photo Credit
Photo Credit

Spanish Donkey လို့ခေါ်တဲ့ အပြစ်ပေးနည်းမှာတော့ စင်တစ်ခုပေါ်မှာ တြိဂံပုံ ပြုလုပ်ထားပြီး အဲ့အပေါ်မှာမှ ဆူးချွန်တွေတပ်ထားပါတယ် အဲ့ဒီဆူးချွန်တွေပေါ်မှာ ခွထိုင်ခိုင်းထားပြီးမှ ခြေထောက်ပေါ်မှာ အလေးတွေဆွဲပေးထားတာကြောင့် ခံရသူဟာ အရမ်းနာကျင်လွန်းပြီး လုံးဝ လူနှစ်ခြမ်းနီးပါးဖြစ်သွားတာတွေ ခြေထောက်ပြတ်သွားတာတွေ ဖြစ်ပါတယ် အမေရိကန် ပြည်တွင်းစစ်တုန်းကဆိုရင် မဟာမိတ်စစ်သားတွေကို ဒီနည်းနဲ့ နှိပ်စက်ကြတယ်လို့ ဆိုကြပါတယ်

Photo Credit
Photo Credit

တရုတ်တွေရဲ့ နှိပ်စက်တဲ့ ထိုင်ခုံကတော့ သစ်သားနဲ့ ပြုလုပ်ထားပြီး ဓားသွား ၁၂ ချောင်းကို လက်တန်းပေါ် ကျောမှီ ထိုင်ချတဲ့နေရာနဲ့ ခြေချတဲ့နေရာတွေမှာ တပ်ဆင်ထားပါတယ် ဥရောပမှာတော့ ဒီလိုမျိုးဆင်တူနည်းတစ်ခုရှိပြီး ပြစ်ဒဏ်ခံရသူဟာ ဆူးချွန်ပေါင်း ၅၀၀ ကနေ ၁၅၀၀ ထိရှိတဲ့ ထိုင်ခုံတွေပေါ်မှာ ထိုင်ရတာပါ တခါတလေ ထိုင်ခုံအောက်မှာ မီးသွေးခဲတွေကို ချထားတာကြောင့် ထိုင်နေသူဟာ နာကျင်တဲ့အပြင် အပူဒဏ်ကိုပါ ပိုခံစားရပါတယ် 

Photo Credit
Photo Credit

နောက်တစ်ခုက အပြစ်ဒဏ်ခံရသူကို  လှောင်အိမ်ကျဉ်းကျဉ်းလေးထဲထည့်ပြီး မြို့လည်ခေါင်လို နေရာမျိုးမှာ ထားတာဖြစ်ပါတယ် ဒီနည်းက အလယ်ပိုင်းခေတ်တွေတုန်းက အသုံးများခဲ့ပြီး အပြစ်ပေးတဲ့အပြင် တခြားသူတွေပါ နောက်ထပ် အပြစ်မလုပ်ရဲအောင် ပြတဲ့နည်းဖြစ်ပါတယ် ဒီနည်းရဲ့အဆိုးဆုံးအပိုင်းကတော့ သေဖို့အချိန်အကြာကြီးလိုတာပါ တခြားသူတွေက အပြစ်ပေးခံရသူကို တုတ်တွေ ခဲတွေနဲ့ ပစ်ပေါက်ကြပြီး အထဲကလူဟာ တဖြည်းဖြည်းသေရပါတယ် သေပြီးရင်တောင် ငှက်တွေ အကောင်ပလောင်တွေ လာစားအောင် ဒီတိုင်းပဲထားထားတာပါ 

Photo Credit
Photo Credit

နောက်ဆုံးတစ်ခုကတော့ Scaphism လို့ခေါ်ပြီး ပါရှန်းတွေရဲ့ နည်းလမ်းဖြစ်ပါတယ် ပြစ်ဒဏ်ခံရသူဟာ နွားနို့တွေနဲ့ ပျားရည်တွေကို အန်ထွက်တဲ့အထိ စားရပြီး ကိုယ်လုံးကိုလည်း ပျားရည်တွေနဲ့ သုတ်လိမ်းထားပါတယ် အထူးသဖြင့် မျက်လုံး နှာခေါင်းနဲ့ ပါးစပ်နားမှာ သုတ်ထားပြီးနောက် ခြေတွေလက်တွေ လက်တွေ မလှုပ်နိုင်အောင်လုပ်ခံရပါတယ် ပြီးရင် လှေပေါ်ကို ပက်လက်တင်ပေးလိုက်ပြီး ရေမျှောလိုက်ရင် ခံရသူဟာ ပိုးမွှားကောင်တွေ တောရိုင်းကောင်တွေရဲ့ ကိုက်ခြင်းကို ခံရပြီး တဖြည်းဖြည်းလှေပေါ်မှာပဲ သေဆုံးရပါတယ် 

ဒါတွေကတော့ အဆိုးရွားဆုံး ပြစ်ဒဏ်ပေးနည်းတွေထဲက တချို့ပဲ ရှိပါသေးတယ် ခံရသူတွေနေရာကနေ ဝင်ကြည့်ရင် မတွေးရဲစရာပါပဲ ဒီဖက်ခေတ်တွေမှာ အဲ့လိုအပြစ်ပေးနည်းတွေ ပျောက်ကုန်တာကိုပဲ တော်တော်လေး ကျေးဇူးတင်ရမှာပါ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T