ထိုင်းနိုင်ငံ၌ Omicron ရောဂါပိုးစတင်တွေ့ရှိ

//s9.kh1.co/3c/3c59dcdc137f6ad391c1e4c2015a83d4b07ddbbd.jpg
နေ့စဉ်သတင်းများ

 ၀၆-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ကိုဗစ်ရောဂါပိုးအသစ်တစ်မျိုးဖြစ်တဲ့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ကိုဗစ်-၁၉ လို့ခေါ်ကြတဲ့ အများကြောက်လန့်ထိတ်လန့်ရတဲ့ရောဂါပိုးကြီးဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ထိုမှ တဆင့် ကမ္ဘာ့နိုင်ငံအသီးသီးကို ကူးစက်ပျံ့နှံ့ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO ကပါ ကပ်ရောဂါလို့ကြေငြာခဲ့ရတဲ့အထိ ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ထိုရောဂါပိုးကြောင့် လူပေါင်းများစွာကူးစက်ခံရပြီး သေဆုံးခဲ့ကြသူများလည်းများပြားစွာရှိခဲ့ပါတယ်။လက်ရှိမှာတော့ Omicron လို့ခေါ်ကြတဲ့ အသွင်ပြောင်း ကိုဗစ်-၁၉ရောဂါပိုးဟာ ယခင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ရောဂါပိုးတွေထက်ပိုမိုအန္တရာယ်များပြီး ယခင်ပိုးများထက် ကူးစက်ရန် အဆပေါင်း (၅၀၀) ပိုမိုလွယ်ကူကြောင်း သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ထိုရောဂါပိုးဟာ လက်ရှိမှာအာရှနိုင်ငံတွေဆီ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ယနေ့မနက်မှာတော့ မြန်မာနိုင်ငံနဲ့အနီးကပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံသို့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ရောဂါပိုးကိုတွေ့ရှိခဲ့တာကတော့ စပိန်နိုင်ငံမှလာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်ဆီမှ တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။ဒီလူနာကို နိုဝင်ဘာ(၃၀)ရက်နေ့ကတွေ့ရှိခဲ့တာဖြစ်ပြီး Omicron ဟုတ်မဟုတ် သေချာ စစ်ဆေးနေခဲ့တယ်လို့ဆိုပါတယ်။လက်ရှိစစ်ဆေးချက်တွေအရတော့ 99% Omicron ရောဂါပိုးဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပြီလို့ဆိုပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T