စိတ်ကူးကောင်းတဲ့ အလှူရှင်နဲ့ ကိုရင်လေးများအတွက် ကြက်ဥခေါက်မုန့် ပူပူလေး

//s9.kh1.co/ea/eacddf6a3343c96382124a05d287a2be06d8ec5f.jpg
နေ့စဉ်သတင်းများ

 ၀၅-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ပုံပါမြင်တွေ့ရတဲ့အတိုင်း စားချင်စရာ ကြက်ဥခေါက်မုန့်ဗန်းကြီးနဲ့ ချက်ချင်းလုပ်ရောင်းနေတဲ့ အသည်ဘေးမှာ ကိုရင်လေးများက အစီအရီ ထိုင်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/98/98944c6170a478c7e3e0275c0ea80e35d53f0e18.jpg

ဒီပုံရိပ်လေးတွေကတော့ မနေ့က လှည်းကူးမြို့၊ ဓမ္မာစရိယဥယျာဥ်ကျောင်းတိုက်က ဆရာတော်ဦးကောလိနိယာလင်္ကာရ ရဲ့ ခွင့်ပြုပေးမှုနဲ့ ထွက်ပေါ်လာတာပါ။ အလှူရှင်တစ်ဦးက မွေးနေ့အလှူအဖြစ် ကိုရင်လေးတွေကို ကြက်ဥခေါက်မုန့် လှူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပူပူနွေးနွေး ဘုန်းပေးနိုင်အောင် ဆိုပြီး ကြက်ဥခေါက်မုန့်သည်ကို ကျောင်းဝန်းထဲ ခေါ်ပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=932,q=100/5e/5e4d4643686b3807081c983d37a2357f51915256.jpg

အဲဒါကြောင့်လည်း အရသာရှိတဲ့ ကြက်ဥခေါက်မုန့် ပူပူလေးများ ဘုန်းပေးနိုင်အောင် ကိုရင်လေးတွေက စောင့်ဆိုင်းနေတာ တွေ့မြင်ရပါတယ်။ ငွေကြေး သိပ်မကုန်ကျပေမဲ့ အရသာရှိရှိ ပူပူနွေးနွေး ဘုန်းပေးနိုင်အောင် စဥ်းစားပေးတတ်တဲ့ အလှူရှင်က သိပ်ကို စိတ်ကူးကောင်းပါတယ်။ ပရိသတ်တွေ ပီတိဖြစ်ရအောင် တင်ပြပေးလိုက်ရပါတယ်။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T