အိမ်ထဲက မြွေတွေကို ရှင်းလင်းရန်ကြိုးစားရင်း မီးခိုးသုံးခဲ့ရာမှ အိမ်မီးလောင်

//s9.kh1.co/0e/0e26c23cd3d95398c569b3993abb45b878e817d1.jpg
နေ့စဉ်သတင်းများ

 ၀၅-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

မေရီလန်းပြည်နယ်ရှိ နေအိမ်တစ်လုံးမှာ မြွေဝင်ရောက်ခြင်းကို ဖယ်ရှားရန် ကြိုးစားခဲ့တဲ့ ပိုင်ရှင်တစ်ဦးမှ မတော်တဆ မီးလောင်မှုကို ဖန်းတီးခဲ့ကြောင်း သိရှိရပါတယ်။ ဝါရှင်တန်ဒီစီ၏ အပြင်ဘက် ၂၅ မိုင် (ကီလိုမီတာ ၄၀ ခန့်) အကွာရှိ Poolesville ရှိ အိမ်ပိုင်ရှင်ဟာ အိမ်မှ မြွေများကို ရှင်းလင်းရန် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အဲ့လိုရှင်းလင်းရာမှာ မီးခိုးသုံးခဲ့ကြောင်း Montgomery ကောင်တီ မီးသတ်ဌာန တာဝန်ရှိသူများက ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/f0/f07cff95cd3a8e99a6b45834a43bcf499238f171.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/67/67118f04e9b16f4b5e699561221fa6fb0d251484.jpeg

အဆိုပါဖြစ်စဉ်တွင် အိမ်ပိုင်ရှင်မှ မီးလောင်ခဲ့ရာ နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ သန်းခန့် ပျက်စီးခဲ့ကြောင်း Washington Post သတင်းတွင် ဖော်ပြထားပါတယ်။ ခရိုင်မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Pete Piringer က မြေအောက်ခန်းကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်းနဲ့ မီးသတ်သမား ၇၅ ဦးနဲ့ ငြိမ်းသက်ခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/ca/ca144592da8e76d5cb8d6dd48a065fb0079601e0.jpeg
https://s9.kh1.co/__image/w=415,h=307,q=100/45/455da6e0ae71c800c8b946f7c277c7a48ca9566c.jpg

ခုဖြစ်ရပ်ဟာ မီးလောင်လွယ်တဲ့ ပစ္စည်းနဲ့ နီးလွန်းတဲ့ မီးခဲတွေကို ကပ်ထားတာကြောင့် မတော်တဆဖြစ်ပြီး မီးလောင်းခဲ့တာလို့ ပြောပြပါတယ်။ လူထိခိုက်မှု မရှိဘူးလို့လည်း Piringer က ပြောပါသေးတယ်။ မြွေတေ‌ွကတော့ မီးလောင်မှုကြောင့် ဘယ်ပျောက်သွားလဲ မသိရှိရသေးပါဘူး။

သတင်း အရင်းအမြစ်Ap News

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T