ဂျပန် ဓာတ်ပုံဆရာ NoriyukiWashizu ရိုက်ခဲ့တဲ့ပုံလေးက" World Photographic Cup 2022" ဆုရခဲ့လို့ ဝမ်းသာပျော်ရွှင်နေတဲ့ Hu Go

//s9.kh1.co/2b/2b6609417be2d3cb25411a081f7152f2433a331b.jpg
အနုပညာရှင်များ

 ၀၅-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

နှုတ်ခမ်းနီမလေးတွေ သဘောကျခဲ့ရတဲ့ မော်လ်ဒယ် သရုပ်ဆောင် Hu Go ကိုတော့ ပရိသတ်တွေ အားလုံး သိကြမယ်လို့ထင်ပါတယ်။ Hu Go ဟာ အနုပညာနယ်ပယ်ကို ရောင်လာတာမကြာသေးပေမယ့် အချိန်ခဏလေးအတွင်း သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်လာခဲ့သူပဲ ဖြစ်ပါတယ်။ မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာနယ်ပယ်မှာ ရပ်တည်နေရုံသာမက ဝါသနာပါတဲ့ လက်ဝှေ့ကိုလည်း ကျွမ်းကျင်စွာကစားတတ်ပြီး ဆုတံဆိပ်တွေလည်း ရရှိထားတာ ဖြစ်ပါတယ်။

Photo Credit - Hu Go 
Photo Credit - Hu Go 
Photo Credit - NoriyukiWashizu
Photo Credit - NoriyukiWashizu

ဒါ့အပြင် နွေးဦးတော်လှန်ရေး အချိန်ကာလလေးမှာလည်း ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ပေးခဲ့ပြီး တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တာ တွေ့ရပါတယ်။ ဒီလိုတက်ကြွပါဝင်ပေးခဲ့တာကြောင့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ပိုမိုရရှိလာခဲ့ပါတယ်။ ယခုမှာတော့ Hu Go က ချစ်ရတဲ့ ပရိသတ်တွေ ထပ်တူဝမ်းသာစရာ သတင်းလေးကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit - NoriyukiWashizu
Photo Credit - NoriyukiWashizu
Photo Credit - NoriyukiWashizu
Photo Credit - NoriyukiWashizu
Photo Credit -  NoriyukiWashizu
Photo Credit -  NoriyukiWashizu

အဲ့တာကတော့ ဂျပန် ဓာတ်ပုံဆရာ NoriyukiWashizu နဲ့ ရိုက်ခဲ့တဲ့ပုံလေးက " World Photographic Cup 2022"အတွက် ဆုရခဲ့တယ်လို့ ပြောလာခဲ့တာပါ။ အဆိုပါ ပုံလေးတွေကတော့ ဆင်တွေနဲ့အတူ သဘာဝကျတဲ့ ရိုက်ချက်တွေနဲ့ ပုံဖော်ထားတာဖြစ်ပြီး ကြည်နူးစရာ ပုံလေးတွေပဲ ဖြစ်ပါတယ်။ Hu Go ရဲ့ ဆုရရှိခဲ့တဲ့ ပုံလေးတွေကို ဖော်ပြရင်း ပရိသတ်တွေကလည်း ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ပါဦး။

Photo Credit - Hu Go 
Photo Credit - Hu Go 
https://s9.kh1.co/__image/w=600,h=252,q=100/b2/b24b93c5e67280c3237bd180effe9d0fa683b4f2.jpg

သတင်း အရင်းအမြစ်Source - Hu Go

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T