မျက်စိအောက်တင်အရွယ်ရောက်လာတဲ့ ကလေးသရုပ်ဆောင်လေး Moon Woo Jin ရဲ့ပုံရိပ်များ

//s9.kh1.co/82/829a724c74bc588c6389b1a1c6ba9f43f359fdab.jpg
အနုပညာရှင်များ

 ၀၅-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

မျက်စိအောက်တင်အရွယ်ရောက်လာတဲ့ ကလေးသရုပ်ဆောင်လေး Moon Woo Jin ရဲ့ပုံရိပ်များ

တောင်ကိုရီးယားကလေးသရုပ်ဆောင်လေး Moon Woo Jin ဟာ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကလေးလေးပါ။ တောင်ကိုရီးယားဇာတ်လမ်းတော်တော်များများမှာလည်း Moon Woo Jin ကို ကလေးသရုပ်ဆောင်အဖြစ်မကြာခဏ တွေ့ရလေ့ရှိပါတယ် ။

Google
Google

Moon Woo Jin ဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တုန်းက ပေးခဲ့တဲ့ KBS Drama Awards  ဆုတွေထဲက “Once Again” ဇာတ်လမ်းနဲ့  အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု “Best Youth Actor” ဆုကိုလည်းရရှိပိုင်ဆိုင်ထားပါတယ်။ 

Google
Google

Moon Woo Jin ကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် Moon Woo Jin ရဲ့ အသက်က ၁၂ နှစ်ရှိသွားပါပြီ။ Moon Woo Jin အနုပညာလောကထဲကို စတင်ရောက်ရှိခဲ့တဲ့အချိန်က ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Moon Woo Jin ရဲ့ အသက်က ၈ နှစ်သားလေးပဲရှိပါသေးတယ်။

Google
Google

အသက် ၈ နှစ်သားကနေ စပြီး ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ တောက်လျောက်ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် Moon Woo Jin ရဲ့ ပြောင်းလဲ ကြီးပြင်းလာတဲ့ ပုံစံလေးကို ပရိသတ်တွေက တောက်လျောက်မြင်တွေ့နေရပါတယ်။

Google
Google

ဒါကြောင့်လည်း Moon Woo Jin က တောင်ကိုရီးယားနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးရဲ့ အချစ်တော် ကလေးသရုပ်ဆောင်လေး ဖြစ်နေခဲ့တာပါ။

Google
Google
Google
Google

ကလေးမျက်နှာလေးကနေ တဖြည်းဖြည်းချင်းအရွယ်ရောက်လာခဲ့တဲ့ Moon Woo Jin ရဲ့ ပုံစံလေးကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တော်တော်လေး ရေပန်းစားနေပါတယ်။

Google
Google
Google
Google
Google
Google

တော်တော်ချောချောလေး ဖြစ်လာခဲ့တာပဲနော် .. ဒီပုံအတိုင်းဆို နောက်ပိုင်းကျရင်လည်း ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ Moon Woo Jin ကို ဇာတ်ဆောင်မင်းသားအဖြစ် ထပ်ပြီးမြင်တွေ့ရဖို့ သေချာနေပါပြီ။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T