ဘဝရဲ့ဗွက်ပေနေတဲ့အချိန်ကို ဖြတ်သန်းရင်း အသက် ၁ နှစ်ကြီးသွားပြီလို့ဆိုလိုက်တဲ့ အဆိုတော် ရန်ရန်ချမ်း

//s9.kh1.co/07/0782a9311f588b5c00380444e394b3e0b74d5de1.jpg
အနုပညာရှင်များ

 ၀၅-ဒီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဘဝရဲ့ဗွက်ပေနေတဲ့အချိန်ကို ဖြတ်သန်းရင်း အသက် ၁ နှစ်ကြီးသွားပြီလို့ဆိုလိုက်တဲ့ အဆိုတော် ရန်ရန်ချမ်း

ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ ဟစ်ဟော့ဂီတကို စပြီးမိတ်ဆက်ပေးခဲ့တဲ့ ACID အဖွဲ့ဝင်ထဲက တစ်ဦးဖြစ်တဲ့ ရန်ရန်ချမ်း ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ACID အဖွဲ့ထဲမှာဆိုရင် အဖွဲ့ဝင်တွေအဖြစ် ရန်ရန်ချမ်း ၊ အနဂ္ဂ ၊ ဟိန်းဇော် (ကွယ်လွန်) ၊ R ဇာနည် နှင့် ဇေယျာသော်တို့ပါဝင်ပါတယ်။ ACID အဖွဲ့ဟာ မြန်မာပြည်မှာ အနုပညာ အရရော ၊ စီးပွားရေးအရပါ ပထမဦးဆုံးအောင်မြင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

ACID
ACID

ဟစ်ဟော့ အဆိုတော် ရန်ရန်ချမ်းကို ၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ရန်ကုန်မြို့၌ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အဆိုတော် ရန်ရန်ချမ်းရဲ့ အသက်ဟာ  ဒီကနေ့မှာ ၄၂ နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။

Yan Yan Chan
Yan Yan Chan

အဆိုတော် ရန်ရန်ချမ်းဟာ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲတွေမှာ တတ်ကြွစွာပါဝင်လှုပ်ရှားခဲ့တဲ့သူဖြစ်ပြီး ၅၀၅ (က) နဲ့ ဖမ်းဝရမ်း အထုတ်ခံထားရတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် အဆိုတော်ရန်ရန်ချမ်းဟာ လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြည်သူတွေနဲ့ ဆက်လက်ပြီး ရပ်တည်ပေးခဲ့တာပဲဖြစ်ပါတယ်။

Yan Yan Chan
Yan Yan Chan

အဆိုတော် ရန်ရန်ချမ်းဟာ လွတ်မြောက်နယ်မြေကို သွားစဉ်အခါမှာလည်း သူချစ်ရတဲ့ ဇနီးဖြစ်သူနှင့် သားလေးတို့ကို ထားခဲ့ရမှာ စိတ်မချတာကြောင့် သူနဲ့အတူ ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ၄၂ နှစ်ပြည့်မွေးနေ့မှာလည်း အဆိုတော် ရန်ရန်ချမ်းတစ်ယောက် မွေးနေ့အမှတ်တရအဖြစ် ပုံလေးတစ်ပုံနဲ့ အတူ အခုလို စာလေး ရေးတင်ထားပါတယ်။

Yan Yan Chan
Yan Yan Chan

“ဘဝ ရဲ့ဗွက်ပေတဲ့အချိန်တွေကိုဖြတ်သန်းရင်းအသက်တစ်နှစ်ကြီးသွားပြန်ပြီ ..... #42

#မအလမအလ”

Yan Yan Chan
Yan Yan Chan

အဆိုတော်ရန်ရန်ချမ်းဟာ ဘဝရဲ့ ဗွက်ပေနေတဲ့ အချိန်တွေကို ဖြတ်သန်းပြီး အသက် တစ်နှစ်ကြီးသွားတဲ့အကြောင်းကို အခုလို မပျော်ရွှင်စွာနဲ့ ပုံလေး တစ်ပုံတင်ပေးခဲ့တာဖြစ်ပါတယ်။ ပျော်ရွှင်နေရတဲ့အချိန်မှာ မပျော်ရွှင်နေရတဲ့သူတွေအတွက် တကယ်ကို စိတ်မကောင်ဖြစ်သလို ခံယူချက်ပြင်းထန်မှုအတွက် တကယ်ကို လေးစားအားကျမိပါတယ်။ Happy Birthday ပါ နော် .. ကိုရန်ရန်ချမ်းရေ။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T