ချင်းပြည်နယ်၊ ကလေးနဲ့ တမူးမြို့ကို ခြိမ်းခြောက်နေတဲ့ ကိုဗစ်အန္တရာယ်

//s9.kh1.co/7b/7bb9ebb315121e24f0f647dd29b2b90967d14dcc.jpg
နေ့စဉ်သတင်းများ

 ၀၃-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ကိုဗစ်မျိုးကွဲအသစ် Omicron ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက နိုဝင်ဘာ ၂၆ရက်နေ့မှာ ​အတည်ပြုပြီးတဲ့နောက် တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့လာပါတယ်။

https://s9.kh1.co/__image/w=650,h=507,q=100/3f/3f1650760a3bf174d5a3ecb0c14109200905ea95.jpg

စုစုပေါင်း နိုင်ငံ ၃၇ နိုင်ငံမှာ လူနာ ၄၈၅ယောက်အထိ ကူးစက်ခံထားရပြီလို့ သိရပါတယ်။ တောင်အာဖရိက က စတင်ခဲ့တဲ့ Omicron ဟာ ဥရောပနဲ့ အနောက်နိုင်ငံတွေတီ လျင်မြန်စွာ ကူးစက်သွားသလို အခု အာရှတိုက်ကိုပါ ခြေဆန့်လို့ လာနေပါပြီ။

https://s9.kh1.co/__image/w=650,h=393,q=100/d7/d7daed571a1c0ac7c2ce053b382d3b1ee7f7edef.jpg

မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံမှာ Omicron ပိုး ကူးစက်ခံထားရသူ အမျိုးသားနှစ်ဦးကို မနေ့ကပဲ တွေ့ရှိခဲ့ရပါတယ်။ အဲဒီ ၂ ယောက်ထဲက ၁ယောက်ဟာ ခရီးသွားရာဇဝင် မရှိတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။ သူတို့ရဲ့ အနီးကပ် contact တွေကိုလည်း စောင့်ကြည့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံနဲ့ ကူးလူးဆက်သွယ်မှုများတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် အထူးသဖြင့် နယ်စပ်က ကလေးနဲ့ တမူးမြို့ကို အချိန်မရွေး ကူးစက်လာနိုင်ပါတယ်။ အဲဒီအတွက် အားလုံး သတိထား ပြင်ဆင်ရမယ့် အချိန်ကို ရောက်ပါပြီ။ ကာကွယ်ဆေးထိုးနှံခြင်းကလည်း အရေးကြီးသလို လက်ဆေးခြင်း၊ mask တပ်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ အားရှိအောင် နေခြင်း စတဲ့ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို ကိုယ်တိုင်လည်း လုပ်ပါ။ သူများကိုလည်း လုပ်ခိုင်းဖို့ တိုက်တွန်းလိုက်ပါတယ်။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T