ခင်ပွန်းသည်ရဲ့ မွေးနေ့လေးကို သတိတရနဲ့ ကြည်နူးချစ်စရာကောင်းအောင် မွေးနေ့ဆုတောင်းစကား ဆိုလာခဲ့တဲ့ ခိုင်သင်းကြည်

//s9.kh1.co/30/3028ad0300e730762d472e1671e2a2bd6308f7d8.jpg
အနုပညာရှင်များ

 ၀၃-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

တစ်ခေတ်တခါကတည်းက အနုပညာနယ်ပယ်မှာ အောင်မြင်လာခဲ့တဲ့ အနုပညာရှင်တွေထဲမှာ မင်းသမီး ခိုင်သင်းကြည်ကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ဟာ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အပြည့်အဝရရှိထားဆဲပါ။ သူ့ရဲ့ သမီးလေး စံထိပ်ထားဦးကလည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာနယ်ပယ်မှာ ရပ်တည်လာခဲ့တာ တွေ့ရပါတယ်။

Photo Credit - Khine Thin Kyi
Photo Credit - Khine Thin Kyi
Photo Credit - Khine Thin Kyi
Photo Credit - Khine Thin Kyi

ဒါ့အပြင် မိသားစုအပေါ်မှာ တာဝန်ကျေပြီး အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသတဲ့ ခင်ပွန်းသည်ကိုလည်း ပိုင်ဆိုထားကာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာကြောင့် ပရိသတ်တွေလည်း ချစ်ခင်အားကျနေရတာ ဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၃) ရက်မှာတော့ သူမချစ်ရတဲ့ ခင်ပွန်းသည်ရဲ့ ပျော်ရွှင်စရာ မွေးနေ့လေးကို ကျရောက်ခဲ့ပြီဖြစ်ပါတယ်။

Photo Credit - Khine Thin Kyi
Photo Credit - Khine Thin Kyi
Photo Credit - Khine Thin Kyi
Photo Credit - Khine Thin Kyi

ခိုင်သင်းကြည်ကတော့ ချစ်ခင်ပွန်းသည်ရဲ့ မွေးနေ့လေးကိုလည်း သတိတရနဲ့ မွေးနေ့ဆုတောင်းပေးထားရာမှာလည်း ကြည်နူးစရာကောင်းလှပါတယ်။" Happy Birthday ယောကျ်ားရေ❤️???ကိုယ်ကျန်းမာပါစေ.. စိတ်ချမ်းသာပါစေနော်" ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ဒါ့အပြင် ခိုင်သင်းကြည်ကို ချစ်ခင်ကြတဲ့ အနုပညာမောင်နုမတွေနဲ့ မိတ်ဆွေသူငယ်ချင်းများကလည်း မွေးနေ့ဆုတောင်း ပေးထားကြတာ တွေ့ရပါတယ်။

Photo Credit - Khine Thin Kyi
Photo Credit - Khine Thin Kyi

သတင်း အရင်းအမြစ်Source - Khine Thin Kyi

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T