ကိုဗစ်မျိုးကွဲအသစ် မြန်မာကို ပျံ့တော့မလား

//s9.kh1.co/23/237d4dfddc9fca1a3b61a681ea985516d1194fe9.90-1
နေ့စဉ်သတင်းများ

 ၀၃-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

တောင်အာဖရိကမှာ စမွှေလိုက်တဲ့ Omicron မျိုးကွဲသစ်ဟာ တစ်ကမ္ဘာလုံးကို လှုပ်ခတ်စေခဲ့ပါတယ်။ နိုင်ငံ တော်တော်များများမှာလည်း ခရီးသွားလာခွင့် ကန့်သတ်မှုတွေ လုပ်ထားကြပါပြီ။

မြန်မာရဲ့ အိမ်နီးချင်း မလေးရှားနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် Omicron ကို တွေ့ရှိပြီဖြစ်ကြောင်း ဒီနေ့ပဲ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ဖြစ်စဥ်မှာ ကူးစက် ခံရသူ မိန်းကလေးက နိုဝင်ဘာ ၁၉ ရက်နေ့က တောင်အာဖရိက ကနေ ထွက်ခွာလာခဲ့ပါတယ်။

သူမဟာ အသက် ၁၉နှစ် အရွယ် တက္ကသိုလ်ကျောင်းသူ တစ်ဦး ဖြစ်ပြီး ကာကွယ်ဆေး ထိုးပြီးသားပါ။ နိုဝင်ဘာ ၂၉ ရက်နေ့ကပဲ Q centre ကနေ ထွက်လာခဲ့ပါတယ်။ တောင်အာဖရိက က Omicron အကြောင်း ကြေညာလိုက်တဲ့အခါ မလေးရှား ကျန်းမာရေးဌာနက နိုဝင်ဘာ ၁၁ ကနေ ၂၈ ရက်နေ့အတွင်း ကွာလာလမ်ပူလေဆိပ်ကို ဆိုက်ရောက်ခဲ့တဲ့ ကိုဗစ် positive ခရီးသည်တွေကို Genomic testing လုပ်ကြည့်ပါတယ်။ အဲဒီလို လုပ်လိုက်တော့မှ အဆိုပါ မိန်းကလေးမှာ ဖြစ်ခဲ့တာက မျိုးကွဲသစ် Omicron မှန်း သိခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/da/daa4338f520a31f8fc0ef40c835c575608edee29.jpg

ပြောရရင် တောင်အာဖရိက က ကမ္ဘာကို မကြေညာခင်ကတည်းက Omicron က မလေးရှားကို ရောက်နေခဲ့တာပါ။ ကံကောင်းထောက်မစွာနဲ့ အဆိုပါ မိန်းကလေးမှာ ရောဂါကြီးကြီးမားမား မဖြစ်ခဲ့ပါဘူး။ သူမနဲ့ တွေ့ဆုံခဲ့သူများကို စစ်ကြည့်တော့လည်း negative ဖြစ်နေပါတယ်တဲ့။

ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်ဟာ အလွန် ကူးစက်မြန် ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးလည်း ကူးနိုင်သေးတာမို့ လုံးဝ မပေါ့ဆသင့်ပါ။ အခု မြန်မာနဲ့ အဆက်အဆံများတဲ့ မလေးရှားလိုနိုင်ငံမှာ ဖြစ်နေပြီ ဆိုတဲ့ အတွက် လုံးဝ သတိထားရတော့မယ့် အချိန် ဖြစ်ပါတယ်။ မိမိကစပြီး မိမိ မိသားစုကို ကာကွယ်ပါ။ ဒါမှ တတိယလှိုင်းတုန်းကလို အထိမနာမှာ ဖြစ်ပါတယ်။ 

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T