ယမ်ယမ်ခေါက်ဆွဲ စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့စဥ်မှာ အဖွဲ့သားတွေနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ သွားရောက်ကူညီပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/6a/6a3148ad214050fa3bbdb37c5feab570021b0450.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

မင်းသားဝေဠုကျော်ကတော့ တစ်ခေတ်တခါက အနုပညာလောကမှာ လူကြီးလူငယ်မရွေး သဘောကျအားပေးချစ်ခင်ခဲ့ရတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးပဲ ဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေဆဲဖြစ်ပြီး အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဝေဠုကျော်က အနုပညာအလုပ်တွေထက် ပြည်သူတွေ အကျိုးရှိစေမယ့် ပရဟိတလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေပြီး တစ်နေ့တာရဲ့ အချိန်တွေကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation

လူထုလှုပ်ရှားမှုကာလတွေမှာလည်း ဝေဠုကျော်ဟာ တက်နိုင်တဲ့ဘက်ကနေ လူစုလူဝေးရှိတဲ့နေရာတွေမှာ Medical Cover အဖြစ် mask များဝေခြင်း၊ ဆေးဝါးများဖြင့် စောင့်ရှောက်ပေးခြင်းများကို ကူညီဆောင်ရွက်ပေးခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ မကြာခဏဆိုသလို သူ့ရဲ့နေ့စဥ်ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ပေးနေတဲ့ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေကို ဖော်ပြပေးတာ တွေ့ရပါတယ်။

Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation

ယခုမှာလည်း ယမန်နေ့ ညက တစ်နိုင်ငံလုံးကို ဖြန့်ချိနေတဲ့ ရသာချိုစက်မှုလုပ်ငန်းလီမိတက်ပိုင် ယမ်ယမ်ခေါက်ဆွဲ စက်ရုံ မီးလောင်မှု ဖြစ်ပွားရာသို့ အဖွဲ့သားတွေနဲ့အတူ ဝေဠုကျော်ဟာ ကိုယ်တိုင် သွားရောက်ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုဖြစ်စဥ်မှာ တတ်နိုင်ဘက်ကနေ သွားရောက်ကူညီပေးတာကြောင့် ပရိသတ်တွေကလည်း ချီးကျူးဂုဏ်ပြု ပေးထားကြတာကို တွေ့ရပါတယ်။ Myanmarload ချစ်ပရိသတ်တွေကလည်း ယခုလို ပရဟိတလုပ်ငန်းတွေကို နေ့ရောညပါ အမြဲကူညီပေးနေတဲ့ မင်းသားကြီး ဝေဠုကျော်ကို ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ပါဦးနော်...။

Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation

သတင်း အရင်းအမြစ်Source - Wai Lu Kyaw foundation

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T