ရေဝေးသုသာန်မှာ ယနေ့ပြုလုပ်ခဲ့တဲ့ NLD ပါတီ ဗဟိုကော်မတီဝင် ပြန်ကြားရေးအတွင်းရေးမှူး မုံရွာအောင်ရှင်ရဲ့ ဈာပန

//s9.kh1.co/fc/fc14f361de9fd72d956a517bd1245b482760d0db.jpg
နေ့စဉ်သတင်းများ

 ၃၀-နို-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုကော်မတီအဖွဲ့ဝင် ပြန်ကြားရေးအတွင်းရေးမှူးဖြစ်တဲ့ မုံရွာအောင်ရှင်ဟာ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး နိုင်ငံရေးသမား၊ စာရေးဆရာ မုံရွာအောင်ရှင်ရဲ့ ဈာပနကို ဒီကနေ့ နိုဝင်ဘာ(၃၀)ရက်နေ့ နေ့လယ်(၂)နာရီက ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။သူ့ရဲ့ ရုပ်အလောင်းကိုလည်း ယနေ့ နေ့လယ် (၂) နာရီတွင် ရေဝေးသုသာန်၌ ဂူသွင်းသဂြိုဟ်မည် လို့လည်းဆိုပါတယ်။ ယနေ့ မုံရွာအောင်ရှင်ရဲ့ ဈာပနကို NLD ပါတီ ဗဟိုနှင့် တရုတ်သံရုံး အပါအဝင် ၎င်းရဲ့ မိတ်ဟောင်းဆွေဟောင်းများက လွမ်းသူ့ပန်းခြင်းနှင့် ပန်းခွေများ ပို့ဆောင်ပေးခဲ့သလို မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများနှင့် ရပ်ဝေးရပ်နီးမှ အသိမိတ်ဆွေများကလည်း မုံရွာအောင်ရှင်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။

Photo Credit From Original Uploader
Photo Credit From Original Uploader

မုံရွာအောင်ရှင်သည် နိုဝင်ဘာ (၂၈) ရက် နံနက် (၆) နာရီခွဲတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၇၇) နှစ် ရှိပြီ ဖြစ်ပါတယ်။ မုံရွာအောင်ရှင် (ခ) ဦးအေးကြူကို စစ်ကောင်စီက ဖေဖော်ဝါရီလ (၁) ရက်တွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး (၈) လအကြာ အောက်တိုဘာ (၁၈) ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ပြန်လည်လွတ်မြောက်ပြီးတစ်လကျော်အကြာဖြစ်တဲ့ နိုဝင်ဘာ(၂၈)ရက်က ကွယ်လွန်ခဲ့တယ်လို့ဆိုပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

မုံရွာအောင်ရှင်ဟာ အသက် (၇၇)နှစ်ရှိပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး နဲ့ ဒီလှိုင်းစာစောင်ရဲ့ အယ်ဒီတာချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။မုံရွာအောင်ရှင်ဟာ ယခင်က ပန်းနာရင်ကြပ်ရောဂါခံရှိပြီး နေအိမ်မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T