အွန်စောလို့ သိကြတဲ့ Song Hye Kyo ကတော့ ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ ဘယ်တော့မှ မမေ့နိုင်မယ့်မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ၃၉နှစ် ရှိပြီဖြစ်တဲ့ သူမက အသက်ကြီးလေ ပိုလှလာလေမို့ မအိုတဲ့ မင်းသမီးလို့သိကြပြီးမိန်းကလေးတိုင်း အားကျရသူ ဖြစ်ပါတယ်။ Song Hye Kyo က လက်ရှိမှာSingle Lady ဖြစ်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။
အခုလက်ရှိမှာ သူမဟာ "Now, We Are Breaking Up" ဇာတ်လမ်းထဲမှာတော့ ဖက်ရှင်ဒီဇိုင်းအဖွဲ့ရဲ့ ထက်ထက်မြက်မြက်မန်နေဂျာ Ha Young Eun အဖြစ်သရုပ်ဆောင်ထားပြီး Jang Ki Yong ကတော့ ဥစ္စာပေါရုပ်ချောအရည်အချင်းလည်းရှိတဲ့ Freelance ဓာတ်ပုံဆရာ Yong Jae Guk အဖြစ် သရုပ်ဆောင်ထားပါတယ်။
အဆိုပါ ဒရာမာထဲမှာ Song Hye Kyo က တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းများစွာကိုဝတ်ဆင်ခဲ့ပါတယ်။ သူမရဲ့ဖက်ရှင်တွေက ရိုးရိုးရှင်းရှင်းနဲ့ စတိုင်ကျပြီး နားကပ်တွေ၊ လက်ကောက်တွေ၊ နာရီတွေနဲ့ပါ တွဲဖက်ဝတ်ဆင်လေ့ရှိပါတယ်။ သူမဝတ်ဆင်တဲ့ ပစ္စည်းတွေ အားလုံးက နာမည်ကြီး ပြီး ဈေးကြီးတဲ့ Brand တွေလည်း ဖြစ်ပါတယ်။
သူမက မြန်မာငွေ 25သိန်းနီးပါး ခန့်တန်ဖိုးရှိသော Chaumet နှင်းဆီရွှေဆွဲကြိုးကို ဝတ်ဆင်ထားပါတယ်။ စိန်တွေနဲ့သစ်တော်သီးပုံစံရှိတဲ့ Chaumet Joséphine Aigrette နာရီကလည်း မြန်မာငွေနဲ့ဆို သိန်း 220 နီးပါး တန်ကြေးရှိပါတယ်။
မြန်မာငွေ သိန်း90 ခန့်ရှိသော နာရီတစ်လုံးနှင့် မြန်မာငွေ 11 သိန်းနီးပါးရှိတဲ့ ငွေလက်ကောက်ကို တွဲပြီးဝတ်ဆင်ထားတဲ့အပြင် မြန်မာငွေ 142 သိန်း ခန့်တန်ဖိုးရှိတဲ့ စိန်ဖြင့်ပြုလုပ်ထားတဲ့ နားကပ်ရှည်တွေကလည်း သူမရဲ့ မျက်နှာကို ပိုပြီးလှပ ကျော့ရှင်းစေပါတယ်။
ဒီပစ္စည်းများအပြင်၊ သူကိုင်တဲ့ အိတ်တွေထဲက တစ်ခုကတော့ Hermes Paris အမှတ်တံဆိပ်မှဖြစ်ပြီး မြန်မာငွေသိန်း 380နီးပါးတန်ဖိုး ရှိပါတယ်။
Photo Credit & Source : Koraama Fashion