တောင်တန်းတွေကြားမှာရှိတဲ့ ချင်းပြည်နယ်က အေးချမ်းတဲ့ ချစ်စရာမြို့လေး ထန်တလန်အကြောင်းသိကောင်းစရာ

//s9.kh1.co/03/03604096d2602196185435747392a3f80fd13152.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

မြို့ရဲ့ဆောင်ပုဒ်လေးကိုက မချမ်းသာလည်းပျော်ပါတယ်တဲ့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ထန်တလန်လို့ပြောလိုက်ရင် အေးချမ်းတဲ့ ချင်းပြည်နယ်မှာ တည်ရှိတဲ့ အလွန်ချစ်စရာကောင်းတဲ့မြို့လေးဖြစ်ကြောင်း ပရိတ်သတ်များအားလုံးက သိကြပါတယ်။ထန်တလန်မြို့ရဲ့ အဓိပ္ပာယ်ကတော့  ထန်ဆိုတာက (ကျော်ကြားသော) ၊ တလန်ဆိုတာက ( တောင်) ၊ ထန်တလန် ဆိုတာက "ကျော်ကြားသောတောင်ပေါ်မြို့လေး" လို့ အဓိပ္ပါယ်ရပါတယ်။တောင်ပတ်လည်ဝိုင်းထားတဲ့ တောင်ကုန်း ပေါ်မှာတည်ထားတဲ့ ထန်တလန်မြို့ရဲ့ပုံဟာ စက်ဝိုင်းပုံသဏ္ဌာန်ရှိပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ထန်တလန်မြို့လေးဟာ ရာသီဥတုမျှတပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေ (၄၉၆၂) မှာ တည်ရှိတဲ့ မြို့လေးဖြစ်ပါတယ်။ထန်တလန်ကိုသွားလို့ရတဲ့လမ်းအနေနဲ့ဆိုရင် ဟားခါး မှသော်လည်းကောင်း ဖလမ်းမှသော်လည်းကောင်း လမ်း(၂)လမ်းဖြင့်သွားလို့ရတာဖြစ်ပါတယ်။ ထန်တလန်မြို့လေးရဲ့ အဝင်ဝမှာတော့ မြို့ရဲ့ ဆောင်ပုဒ်လေးဖြစ်တဲ့ “ Not rich, But happy ” ဆိုတဲ့  “မချမ်းသာသော်လည်း ပျော်ပါသည်” ဆိုတဲ့ဆောင်ပုဒ်လေးကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် မြို့ထဲမှာအရက်သေစာသောက်စားခွင့်မပြုတဲ့အတွက်ကြောင့် လာရောက်လည်ပတ်သူတွေအနေနဲ့ မြို့ရဲ့ စည်းကမ်းကိုအလေးအေနက်ထားတဲ့အနေနဲ့ မြို့ပြင် View Point မှာ စနစ်တကျပြုလုပ်ထားတဲ့ အုတ်ခုံတွေပေါ်မှာ သွားရောက်သောက်စားကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ထန်တလန်မြို့ဟာ အလွန်စည်းကမ်းရှိတဲ့အတွက် နေရာတိုင်းဟာ သန့်ရှင်းသပ်ရပ်ပြီး အမှိုက်တွေလဲမရှိဘူးလို့ဆိုပါတယ်။ တောင်ပေါ် view point ရှိတဲ့နေရာလေးမှာတော့ ထန်တလန်ရဲ့ နာမည်ကြီးChurch ကျောင်းအဝါလေးရှိတာဖြစ်ပြီး ထိုနေရာမှ ထန်တလန်တမြို့လုံးကိုလဲ အပေါ်စီးကနေကြည့်ရှုခံစားလို့ရပါတယ်။View Point ကတော့ မြို့ကို တစ်စုတစ်စည်းတည်းမြင်ရတဲ့အပြင် ဓာတ်ပုံရိုက်ဖို့အတွက် ဘယ်လို ရှုထောင့်ကနေရိုက်ရိုက် တကယ်ကို လှတဲ့မြို့ကလေးပဲဖြစ်ပါတယ်။ မြို့ထဲမှာလဲ အိမ်တွေကို ဆောက်လုပ်ရာမှာ ရောင်စုံလေးတွေဆောက်လုပ်ထားကြတဲ့ အပြင် ဘုရားကျောင်းများစွာလည်းရှိပါသေးတယ်။ပရိတ်သတ်ကြီးအနေနဲ့ လက်ရှိမှာ အလွန်နာမည်ကြီးနေတဲ့ ချင်းပြည်မြောက်ပိုင်းမှ ထန်တလန်မြို့လေးအကြောင်း သိရှိစေနိုင်ရန်ရည်ရွယ်ကာ ရေးသားဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T