အောက်တိုဘာ(၂၄)ရက်မှာ မွေးနေ့ကျရောက်ခဲ့တဲ့ တစ်ချိန်က ဘောလုံးလောကရဲ့ဆရာတစ်ဆူဖြစ်တဲ့ ဝိန်းရွန်းနီ

//s9.kh1.co/98/98c812cb3b33c6f17cb76eb1c2de7993348108a5.jpg
အားကစားသတင်းများ

 ၂၅-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

ရွန်းနီဆိုရင်တော့ မသိတဲ့သူ အင်မတန်ရှားပါတယ်.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

တစ်ချိန်က 90’s born တွေရဲ့ အသည်းစွဲ ဘောလုံးသမားတွေထဲကတစ်ဦးကိုပြောပြပါလို့ဆိုလာရင်တော့ ရွန်းနီဆိုတာမပါမဖြစ်ပါပဲ။ဝိန်းရွန်းနီ လို့ဆိုလာရင် တကယ်ကိုထူးချွန်တဲ့ခြေစွမ်းတွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ အားကစားသမားတစ်ဦးလို့ ပရိတ်သတ်များက သတ်မှတ်ထားကြတာပဲဖြစ်ပါတယ်။

Photo Credit From Google 
Photo Credit From Google 
Photo Credit From Google 
Photo Credit From Google 

ရွန်းနီ ရဲ့ နာမည်အရင်းတော့ Wayne Mark Rooney ဖြစ်ပြီး သူ့ကို အင်္ဂလန်နိုင်ငံ ၊ Liverpool မြို့ ၊ Croxteth မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။သူဟာ (၁၉၉၆) ခုနှစ်မှစကာ အဲဗာတန်အသင်းတွင် ကစားရင်း ဘောလုံးလောကထဲသို့ စတင်ရောက်လာတာဖြစ်ပြီး အဲ့နောက်မှာတော့ မန်ချက်စတာယူနိုက်တက် ၊ ဒီစီယူနိုက်တက် စတဲ့ အသင်းတွေမှာ (၂၀၂၀)ခုနှစ်အထိ ဘောလုံးကစားသမားအဖြစ်ကစားခဲ့တာဖြစ်ပါတယ်။ယခုအခါမှာတော့ Derby County အသင်းမှာ အသင်းမန်နေဂျာအဖြစ်တာဝန်ယူနေတာဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google 
Photo Credit From Google 

ရွန်းနီဟာ ယမန်နေ့ အောက်တိုဘာ(၂၄)ရက်နေ့မှာ အသက်(၃၆)နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ ဘောလုံးကစားခြင်းကိုရပ်နားခဲ့ပေမယ့် သူ့ရဲ့ ပရိတ်သတ်တွေက သူ့ရဲ့ခြေစွမ်းကောင်းတွေကို ယခုထိ လွမ်းဆွတ်အမှတ်ရနေဆဲဖြစ်ပါတယ်။ရွန်းနီ တစ်ယောက်လည်း မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းရင်း ရွန်းနီ ပရိတ်သတ်တွေအတွက် ရေးသားဖော်ပြလိုက်ရပါတယ်။

Photo Credit From Google 
Photo Credit From Google 
Photo Credit From Google 
Photo Credit From Google 
Photo Credit From Google 
Photo Credit From Google 
Photo Credit From Google 
Photo Credit From Google 
Photo Credit From Google 
Photo Credit From Google 
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T